DVB Logo
Home
မြန်မာသတင်း
မောင်တောမြို့အနီး ကော့ဘဇားခရိုင်ကို ကိုဗစ်-၁၉ အနီရောင်ဇုန်အဖြစ် ဘင်္ဂလားဒေ့ရှ်ကြေညာ
DVB
·
June 6, 2020
မောင်တောမြို့အနီး ကော့ဘဇားခရိုင်ကို ကိုဗစ်-၁၉ အနီရောင်ဇုန်အဖြစ် ဘင်္ဂလားဒေ့ရှ်ကြေညာ
Donate to DVB

ရခိုင်ပြည်နယ် မောင်တောမြို့နဲ့ နယ်စပ်ခြင်းထိစပ်နေတဲ့ ကော့ဘဇားခရိုင်ကို ကိုဗစ်-၁၉ အနီရောင်ဇုန်အဖြစ် ဘင်္ဂလားဒေ့ရှ်က ကြေညာလိုက်ပါတယ်။ 

ကော့ဘဇားခရိုင်မှာ ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်းရှိသလို ဒုက္ခသည်စခန်းပေါင်း ၃၄ ခု ရှိပါတယ်။  ဒီဒုက္ခသည်စခန်းတွေမှာ ကိုဗစ်-၁၉ ကူးစက်ခံရသူ တွေ့ရှိပြီးနောက် မတ်လ ၁၄ ရက်နေ့ကတည်းက လော့ဒေါင်း ပြုလုပ်ထားတာလည်း ဖြစ်ပါတယ်။ 

ဒုက္ခသည်စခန်းတွေမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၃၀ လောက်ရှိပြီး ကိုဗစ်ကြောင့် သေဆုံးသူ ၁ ဦး ရှိခဲ့ပါတယ်။ ဒါကလည်း ဓာတ်ခွဲနမူနာပေါင်း ၃၃၉ ခုကိုသာ စစ်ဆေးနိုင်ခဲ့တာ ဖြစ်ပါတယ်။

တချို့ ကိုဗစ်-၁၉ ကူးစက်လူနာတွေဟာ ကျန်းမာရေးဝန်ထမ်းတွေဆီကနေ ထွက်ပြေးပုန်းရှောင်တာတွေ ရှိသလို ကူးစက်ခံထားရတဲ့ ဒုက္ခသည်တွေကလည်း ဘာသာစကား မတူညီတာကြောင့် ကုသရေးတွေမှာ အခက်အခဲ ရှိနေတယ်လို့ သိရပါတယ်။

လက်ရှိမြန်မာ-ဘင်္ဂလားဒေ့ရှ်နယ်စပ်မှာ လူအဝင်အထွက်တွေကို တရားဝင်ပိတ်ထားပေမယ့် နယ်စပ်ကုန်သွယ်ရေးကတော့ စီးဆင်းနေဆဲ ဖြစ်ပါတယ်။ 

တဖက်ဘဂ်လားဒေ့ရှ်နိုင်ငံကို ကုန်တင်ပို့ပြီးပြန်လာတဲ့ မော်တော်ဘုတ်သမားတွေကိုလည်း ဆိပ်ကမ်းအနီး အဆောင်တခုမှာ အသွားအလာကန့်သတ် Quarantine ထားရှိတယ်လို့ မောင်တောနယ်စပ်ကုန်သည်ကြီးများအသင်းဥက္ကဠ ဦးအောင်မြင့်သိန်းက ပြောပါတယ်။

ဒါပေမယ့် ရှည်လျားတဲ့ နယ်စပ်ဂိတ်တွေကို ပိတ်ထားဖို့ မလွယ်ကူတဲ့အတွက် ခိုးဝင်လာသူတွေက ရှိနေဆဲ ဖြစ်ပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒုက္ခသည်စခန်းက မြန်မာနိုင်ငံကို တရားမဝင် ဝင်ရောက်လာသူ တဦးမှာလည်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိထားပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ ဒီနေ့ညနေပိုင်းအထိ ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၆၀၃၉၁ ဦး၊ သေဆုံးသူ ၈၁၁ ဦးနဲ့ ရောဂါသက်သာပျောက်ကင်းလာသူ ၁၂၈၀၄ ဦးရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013