DVB Logo
Home
မြန်မာသတင်း
တာချီလိတ်မြို့နယ်တွင် လက်နက်ခဲယမ်းနှင့်မူးယစ်ဆေးများ ဖမ်းမိ
DVB
·
June 6, 2020
တာချီလိတ်မြို့နယ်တွင် လက်နက်ခဲယမ်းနှင့်မူးယစ်ဆေးများ ဖမ်းမိ
Donate to DVB

တာချီလိတ်မြို့နယ်မှာ လက်နက်ခဲယမ်းတွေ၊ မူးယစ်ဆေးဝါးနဲ့ မူးယစ်ဆေးဝါး ချက်လုပ်ရာမှာသုံးတဲ့ ဆက်စပ်ပစ္စည်းတွေ ဖမ်းဆီးရမိတယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနနဲ့ မူးယစ်ဆေးအလွဲသုံးမှု တားဆီးထိန်းချုပ်ရေးဗဟိုကော်မတီတို့က မနေ့က ထုတ်ပြန်ပါတယ်။

တာချီလိတ်မြို့၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်မှာ ဇွန် ၃ ရက် ညနေပိုင်းက ဟိန်းမင်းထိုက် မောင်းနှင်လာတဲ့ Nissan Diesel အမျိုးအစား ၁၂ ဘီးမော်တော်ယာဉ်နဲ့ မင်းမင်းလတ် မောင်းနှင်လာတဲ့ Nissan Diesel အမျိုးအစား ၆ ဘီး မော်တော်ယာဉ်တို့ကို မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေပါတဲ့ ပူးပေါင်းအဖွဲ့က သတင်းအရ စစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။

ဟိန်းမင်းထိုက် မောင်းနှင်လာတဲ့ မူးယစ်ဆေးဝါးချက်လုပ်ရာမှာ သုံးတဲ့ အမှုန့်ကြိတ်စက် ၁ လုံး၊ BLOMYUI စာတန်းပါ အခြောက်ခံစက် ၁လုံး၊ တရုတ်စာတန်းတွေပါတဲ့ တံဆိပ်ရိုက်စက် ၁ လုံး၊ လက်ကိုင်စတီးချိုင့် ၄ လုံး၊ စိတ်ကြွရူးသွပ်ဆေးပြားထည့်တဲ့ အိတ်အသေး ၂၀,၀၀၀ လောက်စီပါတဲ့ ဆာလာအိတ်အကြီး ၃၁ လုံး၊ မင်းမင်းလတ် မောင်းနှင်လာတဲ့ ကားပေါ်ကနေ စိတ်ကြွရူးသွပ်ဆေးပြားထည့်တဲ့ အိတ်အသေး ၂၀,၀၀၀ လောက်စီပါတဲ့ ဆာလာအိတ်အကြီး ၆၉ လုံးကို သိမ်းဆည်းရမိခဲ့ပါတယ်။

ကွင်းဆက်စုံစမ်းစစ်ဆေးလို့ရတဲ့ စိုင်းအောင်ခမ်းကို တာချီလိတ်မြို့နယ်၊ မယ်ယန်းပူးပေါင်းစစ်ဆေးရေးဂိတ်မှာပဲ ညနေ ၄ နာရီအချိန်မှာ ဖမ်းမိခဲ့ပါတယ်။

ပြီးတော့ ဇွန် ၄ ရက်မှာ စိုင်းအောင်ခမ်းနေထိုင်တဲ့  တာချီလိတ်မြို့၊ ရန်အောင်မြေ ရပ်ကွက်၊ ပါလျှံ ၃ လမ်း၊ ရွှေနဂါးတိုက်တန်း၊ အခန်းအမှတ် ၄ ကို ဝင်ရောက်ရှာဖွေရာမှာ စိတ်ကြွရူးသွပ်ဆေးပြား ၄,၀၀၀၊ Ice ဝ.၈ ကီလို၊ M 22 သေနတ် ၂ လက်၊ M 16 သေနတ် ၁ လက်၊ ပွိုင့် ၄၅ ပစ္စတိုသေနတ် ၁ လက်၊ M 22 ကျည်အိမ် ၄ ခု၊ M 16 ကျည်အိမ် ၆ ခု၊ ပွိုင့် ၄၅ကျည်အိမ် ၁ ခု၊ ပွိုင့် ၄၅ ကျည် ၃၁၂ တောင့်၊ ၉ မမလူဂါကျည် ၇၅ တောင့်၊ ပွိုင့် ၃၂ ကျည် ၁ တောင့်၊ ၇ ဒသမ ၆၂ မမကျည် ၂၀၅ တောင့်၊ ၅ ဒသမ ၅၆ မမကျည် အတောင့် ၆၆၀၊ လက်ပစ်ဗုံး ၃ လုံး၊ ဆေးပြားရိုက်စက် ၆ လုံး၊ စိတ်ကြွရူးသွပ်ဆေးပြား တံဆိပ်ရိုက်ရာမှာသုံးတဲ့ WY စာတန်းပါမို ၁၆၉၀ ချောင်း၊ မြင်းခေါင်းတံဆိပ်ပါမို ၅၃၅ ချောင်း၊ ပန်းသီးပုံတံဆိပ်ပါမို ၂၁၅ ချောင်း၊ A တံဆိပ်ပါမို ၉၅ ချောင်း၊ R တံဆိပ်ပါမို ၆၅ ချောင်း၊ တံဆိပ်မပါမို ၁၃၁၆ ချောင်း၊ စုစုပေါင်းမို ၃၉၁၆ ချောင်း၊ မိုခေါင်း ၈၀၀ ခု၊ စိတ်ကြွရူးသွပ်ဆေးပြားထည့်တဲ့ အိတ်အသေး ၂၀,၀၀၀ လောက်စီပါတဲ့ ဆာလာအိတ်အကြီး ၆၉ လုံး တို့ကို ထပ်ပြီး သိမ်းဆည်ရမိခဲ့ပါတယ်။

ဒါကြောင့် ဟိန်းမင်းထိုက်(၂၈-နှစ်)၊ မင်းမင်းလတ်(၃၀-နှစ်)၊ စိုင်းအောင်ခမ်း(၂၃-နှစ်)တို့ကို မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူထားတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013