DVB Logo
Home
မြန်မာသတင်း
လူနာအမှတ် ၂၃၃ နှင့် ထိတွေ့ခဲ့သူ​ ၇၀ ကျော်တွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့
DVB
·
June 6, 2020
လူနာအမှတ် ၂၃၃ နှင့် ထိတွေ့ခဲ့သူ​ ၇၀ ကျော်တွင် ကိုဗစ်-၁၉ ရောဂါပိုးမတွေ့
Donate to DVB

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်မြို့နယ်မှာ ကိုဗစ်-၁၉ ဓာတ်ခွဲအတည်ပြု လူနာအမှတ် ၂၃၃ နဲ့ ထိတွေ့ခဲ့သူ ၇၀ ကျော်မှာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိရဘူးလို့ မြို့နယ်ကျန်းမာရေးဦးစီးဌာနက ပြောပါတယ်။

လူနာအမှတ် ၂၃၃ နဲ့ ထိတွေ့ခဲ့သူတွေကို ကိုဗစ်-၁၉ ရောဂါပိုး ရှိ၊ မရှိ သိရှိနိုင်ဖို့ ဇွန် ၃ ရက်နဲ့ ၄ ရက်နေ့​တွေမှာ လည်ချောင်းတို့ပတ်ရယူပြီး ဓာတ်ခွဲစစ်ဆေးနိုင်ဖို့ ပို့ဆောင်ခဲ့စစ်ဆေးခဲ့တာပါ။

လူနာအမှတ် ၂၃၃ နဲ့ ထိတွေ့ခဲ့တဲ့ သီတဂူစက္ခုဒါနဆေးရုံ Facility Quarantine က အခန်းအတူ​နေ ၁၄ ဦးနဲ့ ကျန်းမာ​ရေးဝန်ထမ်း ၁၅ ဦးအပါအဝင် ထိတွေ့ပတ်သက်ခဲ့သူ ၇၀ ​ကျော်ကို လည်ချောင်းတို့ပတ်ရယူပြီ ဓာတ်ခွဲစစ်ဆေးရာမှာ ဇွန် ၅ ရက်နေ့နဲ့ ဇွန် ၆ ရက်နေ့တွေရဲ့ ​​​ဓာတ်ခွဲအဖြေအရ ကိုဗစ်-၁၉ ရောဂါပိုးမတွေ့ဘူးလို့ မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာသောင်းဒန်ဦးက ဒီဗွီဘီကို ပြောပါတယ်။

လူနာအမှတ် ၂၃၃ နဲ့ ထိ​တွေ့ခဲ့သူတွေ၊ ပြည်ပကပြန်လာသူတွေရဲ့ လည်ချောင်းတို့ဖတ်ကို ဓာတ်ခွဲစစ်ဆေးတာကို ခုချိန်မှာ ရပ်နားထားမှာဖြစ်ပြီး Facility Quarantine ဝင်​ပြီးလို့ ရက်ပြည့်နီးမှသာ ထိတွေ့ခဲ့သူတွေနဲ့ ပြည်ပကပြန်လာသူတွေကို လည်ချောင်းတို့ဖတ်ရယူပြီး ဓာတ်ခွဲခန်းကို ပို့ဆောင်တော့မယ်လို့ ဆိုပါတယ်။

“ခုလက်ရှိပြဿနာကြုံနေရာတာက Facility နေရာအခက်အခဲ ဖြစ်နေရတယ်၊ နောက်ထပ် ရောက်လာမယ့် ရွှေ့ပြောင်းလုပ်သားတွေရှိနေသေးတော့ ဒီနေ့လည်း နှစ်ဆယ်ကျော် ထပ်ရောက်ဖို့ရှိနေသေးတယ်။”

ညောင်လေးပင်မြို့နယ်မှာ မေ ၁၅ ရက်နေ့နောက်ပိုင်း ပြည်ပကပြန်လာသူ ရွှေ့ပြောင်းလုပ်သား ၃၀၀ ကျော်ရှိနေပြီး Quarantine စင်တာ ၁၄ ခုမှာ စောင့်ကြပ်ကြည့်ရှုထားတယ်လို့ သိရပါတယ်။

နေလင်းထိုက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013