DVB Logo
Home
ကျန်းမာရေး
ကလေးမှာ ဖြစ်တဲ့ COVID-19 နဲ့ Kawasaki ရောဂါ
DVB
·
June 6, 2020
ကလေးမှာ ဖြစ်တဲ့ COVID-19 နဲ့ Kawasaki ရောဂါ
Donate to DVB
COVID-19က ခုဆိုရင် လူသားတွေကို နှောင့်ယှက်နေတာ ၅လကျော်ခဲ့ပါပြီ။ ဗိုင်းရပ်စ်အသစ်ဖြစ်တာကြောင့် သူနဲ့ ပတ်သတ်တဲ့  အချက်အလက်တွေကို အများကြီး လေ့လာနေရပါတယ်။ ဒီအတွက်ကြောင့်ပဲ ကာကွယ်ဆေးတွေ၊ ကုသဆေးတွေ ထုတ်ဖို့ ကြန့်ကြာနေရတာပါ။ သူရဲ့ ထူးခြားတဲ့ လက္ခဏာတွေကလည်း တစ်နေ့ တစ်ခြား ပိုပြီး တွေ့လာရပါတယ်။ နောက်ဆုံးတွေ့ရှိချက်က သူက Kawasakiလို့ ရောဂါတစ်မျိုးနဲ့ ဆက်စပ်နေတယ်ဆိုတာပါပဲ။

COVID-19 နဲ့ Kawasaki ရောဂါ

လွန်ဘာဒီ၊ အီတလီနဲ့ နယူးယောက်မှာရှိတဲ့ COVID-19 ကူးစက်ခံထားရတဲ့ ကလေးတွေကို လေ့လာကြည့်တဲ့အခါမှာ ကိုယ်တွင်းအင်္ဂါတွေ ရောင်ရမ်းတဲ့ လက္ခဏာမျိုး တွေ့ရတယ်လို့ဆိုပါတယ်။ ဒါကို  (Multisystem Inflammatory Syndrome in Children, or MIS-C) လို့ ခေါ်ပါတယ်။ ဒါက Kawasaki ရောဂါနဲ့ အတော်ကို ဆင်တူနေပါတယ်။ ဒါ့ပြင် ဒီကလေးတွေကို သွေးစစ်ကြည့်လိုက်တဲ့အခါ သွေးထဲမှာ COVID-19 ကူးစက်ခံထားဖူးတဲ့ ပဋိပစ္စည်းတွေ ရှိနေတာကို တွေ့ရပါတယ်။ ဆိုလိုတာက ဗိုင်းရပ်စ်ပိုးဝင်ပြီး ဒီရောဂါ နောက်ဆက်တွဲလိုက်လာတာလားလို့ ယူဆစရာ ရှိပါတယ်။

Kawasaki ရောဂါဆိုတာ ဘာလဲ။

Kawasaki ရောဂါဆိုတာ အရင်တည်းက ရှိပြီးသားပါ။ ၁၉၆၀ ဝန်းကျင်လောက်ထဲက ဂျပန်နိုင်ငံမှာ စတွေ့ခဲ့တာပါ။ ရောဂါက ဖြစ်တာရှားပါတယ်။ ခန္ဓာကိုယ်မှာ ရှိတဲ့ သွေးကြောတွေ ရောင်ရမ်းတဲ့ ရောဂါဖြစ်ပြီး ဘာကြောင့် ဖြစ်လဲဆိုတာ ဘယ်သူမှ မပြောနိုင်သေးပါဘူး။ ကလေးတွေမှာ အဖြစ်များပြီး ၈၀ရာခိုင်နှုန်းလောက်က ၅နှစ်အောက် ကလေးတွေပဲ ဖြစ်ပါတယ်။ ဒီရောဂါရဲ့ ထူးခြားချက်က အဖျားတာရှည်တယ် (အနည်းဆုံး ၄ရက်လောက်ကြာတတ်တယ်)။ အဖျားကြီး(၁၀၁ ဒီဂရီ ဖာရင်ဟိုက်လောက်) တယ်။ ဒါ့ပြင် အနီစက်တွေ ထွက်တာ၊ မျက်လုံး၊ နှုတ်ခမ်းနဲ့ လျှာတွေ ရဲတာ၊ ခြေတွေ လက်တွေ နီရဲဖောရောင်တာ၊ လည်ပင်းအကြိတ်ထွက်တာ စတာတွေ  ဖြစ်တတ်ပါတယ်။ Kawasaki Disease Shock Syndromeဆိုတာက ပိုရှားပါးပြီး ရောင်ရမ်းတာတွေ ပိုဆိုးကာ ကလေးကို အပြင်းအထန် နာမကျန်း ဖြစ်စေပါတယ်။

COVID-19 နဲ့ Kawasaki ရောဂါနဲ့ ဘယ်လို သက်ဆိုင်နေလဲ။

COVID-19 ကပ်ရောဂါ မဖြစ်ခင်ကတည်းက တခြားကိုရိုနာ ဗိုင်းရပ်စ်တွေက Kawasaki ရောဂါကို ဖြစ်စေတယ်ဆိုတာ စာတမ်းတွေ ထွက်ထားပါတယ်။ ကပ်ရောဂါ ဖြစ်လာတဲ့အခါမှာ ကိုရိုနာ မျိုးနွယ်စုဖြစ်တဲ့  SAR-CoV-2 ဗိုင်းရပ်စ်ကများ Kawasakiနဲ့ တူတဲ့ ရောင်ရမ်းမှု ရောဂါစုကို ဖြစ်စေတာလားဆိုပြီး ယူဆကြပါတယ်။ ဒါပေမယ့် တချို့သော ပညာရှင်တွေကလည်း ဒါက သိပ်မဖြစ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ MIS-Cနဲ့ Kawasaki ရောဂါမှာက မတူတဲ့ အချက်တွေ ရှိနေလို့ပါတဲ့။ သူတို့ကတော့ MIS-C သက်သက်ပဲလို့ ယူဆကြပါတယ်။ ကွာခြားတာက Kawasakiရောဂါက ကုသလို့ရပြီး မကုဘဲ ထားမယ်ဆိုရင်တောင် နှလုံးထိခိုက်တဲ့ အနေအထားက ၂၅ရာခိုင်နှုန်းပဲ ရှိတာပါ။ MIS-C ဖြစ်တဲ့သူမှာတော့ နှလုံးထိခိုက်တာက ကြောက်စရာကောင်းလောက်အောင်  များလွန်းပါတယ်။ Kawasaki ရောဂါမှာက အပြင်ပန်း ဘာလက္ခဏာမှ မပြရင်တောင် အဖျားကြီးတာနဲ့ သွေးထဲမှာ ရောင်ရမ်းစေတဲ့ ဓာတ်ပစ္စည်းတွေ များနေတာက တွေ့ကို တွေ့ရပါတယ်။ နောက်ပြီး MIS-Cက လူငယ်တွေနဲ့ ဆယ်ကျော်သက်တွေမှာ အဖြစ်များပေမယ့် Kawasakiကတော့ ၅နှစ်အောက် ကလေးတွေမှာ ပိုတွေ့ရပါတယ်။ နောက်တစ်မျိုးပြောကြတာက SARS-CoV-2က မျိုးဗီဇအရ Kawasakiရောဂါဖြစ်နိုင်တဲ့ ကလေးတွေမှာ ပိုကူးစက်နေတာများလားလို့ ပြောကြပါတယ်။ ဘာလို့ ဒီလိုပြောရတာလဲဆိုတော့ တချို့ကလေးတွေက COVID-19ကို ဘာရောင်ရမ်းမှ မရှိဘဲ သက်သာသွားတယ်။ တချို့က Kawasakiလို ရောဂါမျိုး ဖြစ်သွားတယ်။ တချို့ကျတော့ MIS-C လိုမျိုး Kawasakiနဲ့မတူတဲ့ ပြင်းထန်တဲ့ ရောင်ရမ်းမှုမျိုးတွေ ဖြစ်လာကြပါတယ်။ တွေ့ရတာတော့ COVID-19က ပြင်းထန်လေလေ ရောင်ရမ်းမှုတွေ ပိုဆိုးလေလေပါပဲ။ MIS-Cက Kawasakiရဲ့ရောဂါအခွဲလား၊ သူက ရောဂါသက်သက်တစ်ခုလားလို့လည်း ပြောနေကြပါတယ်။ ဘာလို့လဲဆိုတော့ သူတို့က ကုသမှုပုံစံတွေ အတူတူပါပဲ။

မိဘတွေကို မှာချင်တာက

COVID-19မှာ Kawasakiလိုမျိုး ရောင်ရမ်းတာတွေ တွေ့ရတာက ကလေးတွေမှာ အများဆုံးဆိုတော့ မိဘတွေက စိုးရိမ်နေမှာပါ။ ပညာရှင်တွေက တကယ်ပဲ ဆက်စပ်မှု ရှိမရှိဆိုတာ ဆက်ပြီးလေ့လာရဦးမှာ ဖြစ်လို့ သိပ်ပြီး မစိုးရိမ်ဖို့ နှစ်သိမ့်ထားပါတယ်။ ကလေးတွေမှာ COVID-19ဖြစ်တာလည်း ရှားပါတယ်။ အမေရိကန်မှာဆိုရင် ရောဂါရှင်တွေရဲ့  ၂ရာခိုင်နှုန်းလောက်ကပဲ ၁၈နှစ်အောက် လူငယ်တွေ ဖြစ်တာကို တွေ့ရပါတယ်။ ဖြစ်လာခဲ့ရင်တောင်မှ အပေါ်မှာ ပြောခဲ့တဲ့ တစ်ကိုယ်လုံးရောင်ရမ်းဖို့ဆိုတာ ရှားပါတယ်။

ဘာပဲဖြစ်ဖြစ် မိဘတွေ အနေနဲ့ ကလေးက အဖျားကြီးမယ်၊ ဗိုက်အောင့်မယ်၊ အန်မယ်၊ အပေါ်က ပြောခဲ့တဲ့ လက္ခဏာတွေရှိမယ်။ အကြောင်းရင်းလည်း ရှာမရဘူးဆိုရင် ဆေးရုံသွားဖို့ အကြံပြုလိုပါတယ်။

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ 

ရေးသားသူ 

ဤဆောင်းပါးကို DVB ၏ မိတ်ဘက် ကျန်းမာရေးနှင့် ဆေးပညာဝက်ဘ်ဆိုဒ် hellosayarwon.com မှ ကူးယူဖော်ပြပါသည်။
Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013