DVB Logo
Home
မြန်မာသတင်း
ကိုရီးယား အပါအဝင် ၄ နိုင်ငံမှ မြန်မာနိုင်ငံသား ၁၃၃ ဦးကို အထူးလေယာဉ်ဖြင့် ပြန်ခေါ်
DVB
·
June 6, 2020
ကိုရီးယား အပါအဝင် ၄ နိုင်ငံမှ မြန်မာနိုင်ငံသား ၁၃၃ ဦးကို အထူးလေယာဉ်ဖြင့် ပြန်ခေါ်
Donate to DVB

မြန်မာနိုင်ငံက လေဆိပ်တွေမှာ လေယာဉ်ဆင်းသက်ခွင့်ပိတ်ထားတာကြောင့် ကိုရီးယား၊ ကနေဒါ၊ အမေရိကန်၊ နီပေါနိုင်ငံတို့မှာ အခက်အခဲကြုံနေတဲ့ မြန်မာနိုင်ငံသားတွေကို မနေ့က အထူးလေယာဉ်၊ ကယ်ဆယ်ရေးလေယာဉ်တွေနဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ပါတယ်။

နီပေါနိုင်ငံမှာရောက်ရှိနေပြီး မြန်မာနိုင်ငံကိုပြန်ဖို့ အခက်အခဲကြုံနေရတဲ့ မြန်မာနိုင်ငံသား ၄၁ ယောက်ကို မနေ့က ကာကွယ်ရေးဝန်ကြီးဌာနက စီစဉ်ဆောင်ရွက်ပေးတဲ့ အထူးလေယာဉ်နဲ့ ပြန်လည်ခေါ်ဆောင်ခဲ့ရာမှာ ညနေ ၄ နာရီခွဲအချိန်မှာ မင်္ဂလာဒုံလေတပ်စခန်းဌာနချုပ်ကို အဆင်ပြေပြေပြန်ရောက်လာတယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သူတို့ ရောက်ရှိချိန်မှာ လူဝင်မှုကြီးကြပ်ရေး၊ ကျန်းမာရေးစိစစ်ရေးနဲ့ ၂၁ ရက်တာ အသွားအလာ ကန့်သတ်နေထိုင်ရေးတို့ကို အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျန်းမာရေးအားကစား ဝန်ကြီးဌာနနဲ့ ရန်ကုန်တိုင်းအစိုးရအဖွဲ့တို့က သက်ဆိုင်ရာ ကဏ္ဍအလိုက် တာဝန်ယူ ဆောင်ရွက်ပေးခဲ့တယ်လို့ ဆိုပါတယ်။

ပြီးတော့ ကိုရီးယားသမ္မတနိုင်ငံရောက် မြန်မာနိုင်ငံသား ၉၉ ယောက်နဲ့ ကနေဒါနဲ့ အမေရိကန်တို့မှာရောက်နေတဲ့ မြန်မာနိုင်ငံသား ၃၄ ယောက်၊ စုစုပေါင်း ၁၃၃ ယောက်ကို မနေ့က အင်ချွန်းအပြည်ပြည်ဆိုင်ရာလေဆိပ်က တဆင့် Myanmar Airways International-MAI ကယ်ဆယ်ရေးလေယာဉ်နဲ့ ပြန်လည် ခေါ်ဆောင်ခဲ့ပြီး ည ၈ နာရီအချိန်မှာ ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို ပြန်ရောက်လာပါတယ်။

ဒီနေ့အချိန်ထိ ပြည်ပမှာ အခက်ကြုံနေတဲ့ မြန်မာနိုင်ငံသားတွေကို ကယ်ဆယ်ရေးလေယာဉ်၊ အထူးလေယာဉ်တွေနဲ့ ပြန်လည်ခေါ်ဆောင်နေရာမှာ မြန်မာနိုင်ငံသားစုစုပေါင်း ၃၁၀၉ ယောက်ကို ခေါ်ဆောင်နိုင်ခဲ့ပြီလို့လည်း နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013