DVB Logo
Home
မြန်မာသတင်း
တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများကို ဆရာ၊ ဆရာမ ၃၀၀၀၀ ကျော်ဖြင့် စတင်စစ်ဆေး
DVB
·
June 5, 2020
တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာများကို ဆရာ၊ ဆရာမ ၃၀၀၀၀ ကျော်ဖြင့် စတင်စစ်ဆေး
Donate to DVB

တက္ကသိုလ်ဝင်တန်းစာမေးပွဲ အဖြေလွှာတွေကို ဇွန် ၅ ရက်နေ့ကနေ တနိုင်ငံလုံးက တက္ကသိုလ် ၁၀ ခုမှာ ဆရာ၊ ဆရာမ ၃၀၀၀၀ ကျော်က စတင်စစ်ဆေးနေပြီး အောင်စာရင်းတွေကို သြဂုတ်လမှာ ထုတ်ပြန်နိုင်ဖို့ မျှော်မှန်းထားပါတယ်။  

ဒီနှစ်မှာ တက္ကသိုလ်ဝင်စာမေးပွဲဝင်ရောက်ဖြေဆိုထားတဲ့ ကျောင်းသား၊ ကျောင်းသူတွေရဲ့ စာမေးပွဲအဖြေလွှာ အမှတ်ခြစ်တဲ့ လုပ်ငန်းတွေကို ဇွန် ၅ ရက်နေ့ကနေစပြီး ရန်ကုန်တက္ကသိုလ်အပါအဝင် တနိုင်ငံလုံးက ဝိဇ္ဇာ၊ သိပ္ပံတက္ကသိုလ် ၁၀ ခုမှာ စတင်စစ်ဆေးနေပြီဖြစ်ပါတယ်။ 

ဆရာ၊ ဆရာမတွေဟာ အရင်နှစ်တွေက မိမိတို့နေအိမ်ကနေ တက္ကသိုလ်တွေကို လာပြီးအဖြေလွှာစစ်ဆေးတဲ့ လုပ်ငန်းတွေကို ဆောင်ရွက်ရတာဖြစ်ပေမယ့် ဒီနှစ်မှာတော့ ကိုဗစ်-၁၉ ဖြစ်ပွားနေတဲ့အတွက် ဆရာ၊ ဆရာမတွေကို တက္ကသိုလ်အဆောင်တွေမှာ Camp သွင်းပြီးမှ စာမေးပွဲအဖြေလွှာ စစ်ဆေးတဲ့လုပ်ငန်းတွေ ဆောင်ရွက်တာလို့ အဆင့်မြင့်ပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းသန်းဝင်းက ပြောပါတယ်။

စာမေးပွဲအဖြေလွှာစစ်ဆေးတဲ့ လုပ်ငန်းတွေကို အခြေခံပညာစာသင်ကျောင်းတွေက အထက်တန်းပြဆရာ၊ ဆရာမတွေနဲ့ အဆင့်မြင့်ပညာဦးစီးဌာတက္ကသိုလ်အသီးသီးက ဘာသာရပ်ဆိုင်ရာပါမောက္ခတွေ အပါအဝင် ဆရာ၊ ဆရာမ ၃ သောင်းကျော်က စစ်ဆေးနေတာပါ။

ဆရာ၊ ဆရာမတွေကို Camp သွင်းထားတဲ့အတွက် ပညာရေးဝန်ကြီးဌာနကနေ ဆရာတွေကို မနက်စာ၊ နေ့လယ်စာ၊ ညနေစာ တနေ့ ၃ ကြိမ် အခမဲ့ကျွေးမွေးသလို အဆောင်တွေကနေ တက္ကသိုလ်ကိုသွားရမှာ အဆင်ပြေစေဖို့ ကားတွေစီမံပေးထားပါတယ်။ 

ကိုဗစ်-၁၉ကို ကာကွယ်ဖို့အတွက်လည်း Mask တွေ၊ တက္ကသိုလ်တွေမှာ လက်ဆေးဘေစင်တွေ၊ လက်သန့်ဆေးရည်တွေ ပြုလုပ်ပေးထားသလို နေ့စဉ်ကိုယ်အပူချိန်တိုင်းတာတွေနဲ့ အမှတ်ခြစ်လုပ်ငန်းတွေ ဆောင်ရွက်ရာမှာ တဦးနဲ့တဦး ၆ ပေအကွာ လုပ်ဆောင်ဖို့ ပြင်ဆင်ထားတာတယ်လို့ ဆိုပါတယ်။

နိုင်ငံတဝန်း တက္ကသိုလ်ဝင်စာမေးပွဲအောင်စာရင်းတွေကိုတော့ သြဂုတ် လဆန်းပိုင်းလောက်မှာ ထုတ်ပြန်နိုင်ဖို့ မျှော်မှန်းထားတယ်လို့ အခြေခံပညာဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာတင်မောင်ဝင်းက ပြောပါတယ်။

ဒီနှစ်မှာတော့ တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုထားတဲ့ ကျောင်းသား၊ ကျောင်းသူ ၉ သိန်းကျော်ရှိပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013