DVB Logo
Home
မြန်မာသတင်း
မုဒိတာအိမ်ရာဝင်းအတွင်း တရားမဝင်နိုင်ငံခြားသား ၇ ဦးဖမ်းမိ
DVB
·
June 5, 2020
မုဒိတာအိမ်ရာဝင်းအတွင်း တရားမဝင်နိုင်ငံခြားသား ၇ ဦးဖမ်းမိ
Donate to DVB

မုဒိတာအိမ်ရာဝင်းအတွင်း တရားမဝင်နေထိုင်တဲ့ နိုင်ငံ ၄ နိုင်ငံက နိုင်ငံခြားသား ၇ ဦးကို ဖမ်းမိခဲ့သလို နိုင်ငံဂျီးရီးယားနိုင်ငံသား ၁ ဦးနဲ့  မြန်မာနိုင်ငံသား ၁ ဦးတို့ကိုလည်း မူးယစ်ဆေးဝါး ကျပ် သိန်း ၃၀ ဖိုးနဲ့  အတူဖမ်းဆီးရမိပါတယ်။

မုဒိတာအိမ်ရာဝင်းအတွင်းကို အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ လဝကတို့ပါဝင်တဲ့ တာဝန်ရှိသူတွေ က ဇွန် ၄ ရက်နေ့မှာ ဝင်ရောက်စီးနင်းရှာဖွေခဲ့တာပါ။ 

အဲဒီလိုစစ်ဆေးရာမှာ မုဒိတာအိမ်ရာ၊ တိုက် (A) အခန်းအမှတ် ၇၁၅ မှာ ဆေးခြောက် ၁၅၆ ဂရမ်၊ WY စာတန်းပါ ပန်းရောင်စိတ်ကြွဆေးပြား ၇၄၄ (ကာလတန်ဖိုး သိန်းသုံးဆယ်ဝန်းကျင်) လက်ကိုင်ဖုန်းသုံးလုံး၊ မူးယစ်ဆေးဝါးရောင်းချရတဲ့ ငွေလို့ယူဆရတဲ့ ငွေ ၈၂၀၀၀ ကျပ်၊ မူးယစ်ဆေးဝါးသုံးစွဲတဲ့အခါ အသုံးပြုတဲ့ပစ္စည်းတွေနဲ့အတူ နိုင်ငံဂျီးယီးယား ၁ ဦးနဲ့ မြန်မာအမျိုးသမီး ၁ ဦးတို့ကို ဖမ်းဆီးရမိခဲ့တယ်လို့ မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထွန်းချစ်က ဒီဗွီဘီကို ပြောပါတယ်။

သူတို့ နှစ်ဦးကိုတော့ မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားမှု၊ သုံးစွဲမှုတွေနဲ့ ဘုရင့်နောင်ရဲစခန်းမှာ အမှုဖွင့်အရေးယူထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တရားဝင်နေထိုင်တာမဟုတ်တဲ့ ကိုးရီးယားနိုင်ငံသား ၂ ဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား ၃ ဦး၊ ဂါနာနိုင်ငံသား ၁ ဦးနဲ့ ကမ္ဘောဒီးယားနိုင်ငံသား ၁ ဦး စုစုပေါင်း ၇ ဦးတို့ကိုလည်း လဝက အက်ဥပဒေနဲ့ အရေးယူသွားမယ်လို့ မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

အဲဒီအိမ်ရာဝင်းထဲမှာ တခြားနေထိုင်တဲ့ ကိုရီးယားနိုင်ငံသား ၂၄ ဦး၊ တရုတ်နိုင်ငံသား ၃ ဦး၊ အမေရိကန်နိုင်ငံသား ၃ ဦး၊ အိန္ဒိယနိုင်ငံသား ၆ ဦး၊ ဂျပန်နိုင်ငံသား ၁ ဦး၊ နိုင်ဂျီးရီးယားနိုင်ငံသား ၁ ဦး၊ ဖိလစ်ပိုင်နိုင်ငံသား ၁ ဦး၊ မလေးရှားနိုင်ငံသား ၁ ဦး၊ နီပေါနိုင်ငံသား ၁ ဦး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁ ဦး စုစုပေါင်း ၄၁ ဦးကတော့  သတင်းတိုင်ကြားပြီး တရားဝင်နေထိုင်သူတွေ ဖြစ်တယ်လို့ ဆိုပါတယ်။

တရားမဝင်နေထိုင်သူတွေ နေတဲ့ တိုက်ခန်းပိုင်ရှင်တွေကိုလည်း လဝက ဥပဒေနဲ့ အရေးယူသွားမှာဖြစ်ပြီး အသေးစိတ်အချက်အလက်တွေကိုတော့ လဝကတာဝန်ရှိသူတွေကို မေးမြန်းဖို့ မရမ်းကုန်းမြို့နယ်အုပ်ချုပ်ရေးမှူး မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။

မုဒိတာအိမ်ရာ (၁) မှာ နေထိုင်တဲ့ နိုင်ဂျီးရီးယားနိုင်ငံသားတွေက အမျိုးသမီးတွေအပေါ် နှောင့်ယှက်နေတဲ့ကိစ္စ  တိုင်းအစိုးရတာဝန်ရှိသူတွေက အရေးမယူတာကြောင့် ပြည်ထောင်စုအဆင့်ထိ ဆက်လက်တိုင်ကြားသွားမယ်လို့ မရမ်းကုန်းမြို့နယ်လွှတ်တော်အမတ်က ပြောဆိုခဲ့တဲ့အကြောင်း ဇွန်လ ၃ ရက်မှာ ဒီဗွီဘီကလည်း သတင်း ထုတ်လွှင့်ခဲ့ပါတယ်။

ဒီသတင်းတွေထွက်လာပြီးနောက် မုဒိတာအိမ်ရာဝင်းအတွင်းကို အုပ်ချုပ်ရေးအဖွဲ့၊ ရဲတပ်ဖွဲ့၊ လဝက အစရှိတဲ့ အာဏာပိုင်တွေက ဝင်ရောက်စစ်ဆေးခဲ့တာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013