DVB Logo
Home
မြန်မာသတင်း
ဇွန်လ ၅ ရက်မနက် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် မတွေ့ရှိ
DVB
·
June 5, 2020
ဇွန်လ ၅ ရက်မနက် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် မတွေ့ရှိ
Donate to DVB

အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ ဒုတိယအသုတ် ဓာတ်ခွဲနမူနာ  ၇၅၀  ကို ဒီနေ့ မနက် အစောပိုင်းက စစ်ဆေးပြီးစီးခဲ့ရာမှာ ကိုဗစ်-၁၉ အတည်ပြုလူနာသစ် မတွေ့ရှိဘူးလို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

မနေ့ညကတော့ စစ်ကိုင်းမြို့၊ သီတဂူဝိပဿနာအကယ်ဒမီမှာ Quarantine ထားရှိတဲ့ အိန္ဒိယနိုင်ငံက ပြန်လာတဲ့  သံဃာတော် ၂ ပါးမှာ ကိုဗစ်-၁၉  ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

အဆိုပါ သံဃာတော် ၂ ပါးကို စစ်ကိုင်းမြို့၊ ပြည်သူ့ဆေးရုံကြီး အထူးကြပ်မတ်ကုသဆောင် Isolated Ward သို့ပြောင်းရွေ့ပြီး ဆက်လက်ကုသသွားဖို့ရှိနေပါတယ်။

အိန္ဒိယနိုင်ငံကနေ ဒုတိယအသုတ် ပြန်လာတဲ့ သံဃာတော်  ၆၇ ပါးထဲက ၂ ပါးတွေ့တာ ဖြစ်ပြီး မြန်မာပြည်ပြန်ရောက်တည်းက ဖျားနေတာလို့ သိရပါတယ်။

ဇွန်လ ၅ ရက်မနက် ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  အတည်ပြုလူနာ ပေါင်း ၂၃၆ ဦး၊ သေဆုံးသူ ၆ ဦး၊  ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း ၁၄၈ ဦးရှိပြီး ဒီအထဲက ၁၃၄ ဦး ဆေးရုံက ဆင်းခွင့်ပြုလိုက်ပြီလို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

PHOTO-MOHS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013