DVB Logo
Home
မြန်မာသတင်း
တိုက်ကြီးတွင် ညမထွက်ရအမိန့်ဖောက်ဖျက်သူ ၃၆ ဦးနှင့် Mask မတက်သူ ၁၇၆ ဦးကို အရေးယူ
DVB
·
June 4, 2020
တိုက်ကြီးတွင် ညမထွက်ရအမိန့်ဖောက်ဖျက်သူ ၃၆ ဦးနှင့် Mask မတက်သူ ၁၇၆ ဦးကို အရေးယူ
Donate to DVB

ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်အတွင်း တိုက်ကြီး၊ အဖျောက်မြို့နဲ့ ဥက္ကံမြို့တွေမှာ ညမထွက်ရအမိန့် ဖောက် ဖျက်သူ ၃၆ ဦးနဲ့ Mask မတတ်သူ ၁၇၆ ဦးကို တိုက်ကြီးမြို့နယ်တရားရုံး က ထောင်ဒဏ်နဲ့ ငွေဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

တိုက်ကြီးမြို့နယ်မှာ ဧပြီလအတွင်း ပညာပေးကာလအဖြစ်သတ်မှတ်ခဲ့ပြီး Mask အခမဲ့ဖြန့်ဝေပေးတာနဲ့ အသိပညာပေးလက်ကမ်းစာစောင်တွေ ဝေတာ၊ အသံချဲ့စက်တွေနဲ့ ကြော်ငြာတာတွေ ပြုလုပ်ခဲ့ပါတယ်။

 မေလ ပထမအပတ်က စတင်ပြီး ညမထွက်ရ အမိန့်ပုဒ်မ( ၁၈၈) ဖောက်ဖျတ်သူတွေနဲ့ Mask မတပ်ဆင်သူတွေကို စတင်ဖမ်းဆီးအရေးယူခဲ့တာပါ။

တိုက်ကြီးမြို့မှာ ညမထွက်ရ အမိန့်ဖောက်ဖျက်သူ အမျိုးသား ၁၃ ဦးနဲ့ ကလေး ၄ ဦး၊ အဖျောက်မြို့မှာ အမျိုးသား ၁၀ ဦးနဲ့ ကလေး ၂ ဦး၊ ဥက္ကံမြို့မှာ အမျိုးသား ၅ ဦးနဲ့ ကလေး ၂ ဦးနဲ့ Mask မတပ်သူ ၁၇၆ ဦးတို့ကို တိုက်ကြီးမြို့နယ်အုပ်ချပ်ရေးမှူးရုံးက တရားလိုပြု လုပ်တရားစွဲဆိုခဲ့တာပါ။

တိုက်ကြီးမြို့နယ်တရားရုံးက ညမထွက်အမိန့်ဖောက်ဖျက်သူတွေကို ထောင်ဒဏ် ၁ လ၊ မတ်မတပ်ဆင်သူတွေကို ငွေဒဏ် ၅၀၀၀ ကျပ်နဲ့ ကလေးငယ်တွေကိုတော့ မိဘများလက် ပြန်အပ်ပေးခဲ့တယ်လို့ သိရပါတယ်။

သတင်း - မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013