DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တွင် Quarantine ဝင်မည့်သူများအတွက် ကျပ်သန်း ၁၀၀၀ ထပ်သုံးရန် တိုင်းအစိုးရ လျာထား
DVB
·
June 3, 2020
ရန်ကုန်တွင် Quarantine ဝင်မည့်သူများအတွက် ကျပ်သန်း ၁၀၀၀ ထပ်သုံးရန် တိုင်းအစိုးရ လျာထား
Donate to DVB

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ပိုးတွေ့လူနာအများဆုံးရှိတဲ့ ရန်ကုန်တိုင်းမှာ Quarantine ဝင်မယ့်သူတွေအတွက် ကျပ်သန်း ၁၀၀၀ ထပ်သုံးစွဲဖို့ လျာထားကြောင်း ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ လူမှုရေးဝန်ကြီးဦးနိုင်ငံလင်းက ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်တိုင်းဒေသကြီးအတွင်း ကိုဗစ်-၁၉ ကပ်ဘေးကာလမှာ အစိုးရအဖွဲ့ ဘတ်ဂျက်နဲ့ အလှူရှင်တွေနဲ့ YRTA တို့ရဲ့ လှူဒါန်းမှုနဲ့ စုစုပေါင်း ကျပ်သန်း ၁၀၄၂၀ ကျော် သုံးစွဲခဲ့ပြီးဖြစ်ကြောင်း တိုင်းအစိုးရအဖွဲ့ စာရင်းဇယားတွေအရသိရပါတယ်။

"ဒါတွေက အထွေထွေပိုလျှံ ရန်ပုံငွေက သုံးတာများပါတယ်။ အရင်ဘတ်ဂျက်က ပိုတဲ့ပိုက်ဆံတွေ ရှိတယ်။ အဲဒါတွေကို ပြည်ထောင်စုအစိုးရအဖွဲ့ထံ တင်ပြီး ပြန်သုံးတာပေါ့”လို့ ဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း အခြေခံလူတန်းစားပြည်သူတွေကို ထောက်ပံ့တာ၊ မျိုးစပါးအရန်ထားတာ၊ ဖောင်ကြီးက ကိုဗစ်-၁၉ ကုသရေးစင်တာတပ်ဆင်ဖို့ အောက်ဆီဂျင်စက် ဝယ်ယူတာ၊ ဆေးရုံသုံးပစ္စည်းတွေ အသုံးပြုဖို့ Online UBS ၂ လုံးတပ်ဆင်တာ၊ ကျန်းမာရေး စစ်ဆေးရေးယာဉ် Scania ၄ စီးပေါ်မှာ အလိုအလျောက်ကိုယ်အပူချိန်တိုင်းစက် ၄ စုံ တပ်ဆင်တာ၊ ကိုဗဏ်-၁၉ အသိအပညာပေးစာစောင်တွေ ရိုက်နှိပ်တာအတွက် စုစုပေါင်း ကျပ်သန်း ၅၅၃၆ သန်းကျော် သုံးစွဲခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားတွေအတွက် ရိက္ခာ ၅ မျိုး ထောက်ပံ့မှုအတွက် ပြည်ထောင်စုဘဏ္ဍာရံပုံငွေက ကျပ်သန်း ၃၇၀၀၊ အလှူရှင်နဲ့ YRTA တို့က ကျပ်သန်း ၁၁၈၄ကျော် သုံးစွဲခဲ့တာကြောင့် စုစုပေါင်းကျပ်သန်း ၁၀၄၂၀ကျော် သုံးစွဲခဲ့ပြီးဖြစ်ပါတယ်။

ရန်ကုန်မှာ Quarantine စင်တာ ၄၀ ကျော်ဖွင့်လှစ်ထားပြီး လက်ရှိမှာ ပြည်ပပြန်တွေကို အများဆုံး ထားတာဖြစ်ကြောင်း တချို့စင်တာတွေကတော့ အစိုးရအကူအညီတွေလက်ခံရပေမဲ့ လိုအပ်ချက်တွေရှိနေသေးတာကြောင့် အလှူရှင်တွေရဲ့ အထောက်အပံ့ ယူနေရဆဲဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013