DVB Logo
Home
မြန်မာသတင်း
ကိုဗစ်-၁၉ လူနာသစ် ၄ ဦး ထပ်တိုး၊ နိုင်ငံတဝန်း အတည်ပြုလူနာပေါင်း ၂၃၂ ဦး အထိရှိလာ
DVB
·
June 2, 2020
ကိုဗစ်-၁၉ လူနာသစ် ၄ ဦး ထပ်တိုး၊ နိုင်ငံတဝန်း အတည်ပြုလူနာပေါင်း ၂၃၂ ဦး အထိရှိလာ
Donate to DVB

ကိုဗစ်-၁၉ လူနာသစ် ၄ ဦး ထပ်မံတွေ့ရှိရပြီး မြန်မာနိုင်ငံတဝန်းမှာ အတည်ပြုလူနာ စုစုပေါင်း ၂၃၂  ဦးရှိသွားပြီလို့  ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ဒီကနေ့ည ၈ နာရီ ထုတ်ပြန်ချက်အရ သိရပါတယ်။

လူနာသစ် ၄ ဦးကတော့  ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်မှာနေထိုင်တဲ့ အိန္ဒိယပြန် အသက် ၂၉ နှစ်အရွယ် အမျိုးသမီး တစ်ဦး၊ ရှမ်းပြည်နယ်တောင်ပိုင်း ရွာငံမြို့နယ်မှာ နေထိုင်တဲ့ တရုတ်နိုင်ငံပြန် အသက် ၃၁ နှစ်အရွယ် အမျိုးသားတစ်ဦး၊ ချင်းပြည်နယ် မင်းတပ်မြို့နယ်နေ မလေးရှားပြန်အသက် ၂၃ နှစ်အရွယ် အမျိုးသားတစ်ဦးနဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ်နေ ပြည်ပခရီးသွားရာဇဝင်မရှိတဲ့ အသက် ၃၀ အရွယ် အမျိုးသမီးတစ်ဦးတို့ ဖြစ်ကြပါတယ်။

အဆိုပါ လူနာသစ် ၄ ဦးအနက် မူဆယ်မြို့က အမျိုးသမီးတစ်ဦးကလွဲပြီး ကျန်  ၃ ဦးက အသွားအလာကန့်သတ်စောင့်ကြည့်ခံထားရသူတွေ ဖြစ်ကြပါတယ်။

ပြီးခဲ့တဲ့ သီတင်း နှစ်ပတ်အတွင်း မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ ရောဂါကို ပြည်ပကပြန်လာသူတွေမှာသာ ဆက်တိုက်တွေ့ရှိနေရာကနေ ဒီကနေ့မှာတော့ ပြည်ပကို ခရီးသွားခဲ့ခြင်းမရှိတဲ့ အမျိုးသမီးတစ်ဦး ပြည်တွင်းမှာပဲ ရောဂါကူးစက်ခံရမှု ပထမဆုံးအကြိမ် ပြန်တွေ့တာဖြစ်ပါတယ်။  

ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ ၁၂၉ ခုနဲ့ အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ (ပထမအသုတ်) ဓာတ်ခွဲနမူနာ ၆၅၃ ခု၊ စုစုပေါင်း ၇၈၂ ခုကို ဒီကနေ့ညနေ စစ်ဆေးပြီးစီးခဲ့ရာမှာ လူနာသစ်  ၄ ဦး ထပ်တွေ့ခဲ့ရတာပါ။

ဇွန်လ ၂ ရက် ည ၈ နာရီအထိ မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉  ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ပေါင်း ၂၃၂ ဦး၊ သေဆုံးသူ ၆ ဦး၊ ရောဂါပိုးကင်းစင်လာသူ ၁၄၃ ဦးနဲ့ ဒီအထဲက ၁၃၁ ဦး ဆေးရုံမှ ဆင်းခွင့်ပြုခဲ့ပြီးဖြစ်တယ်လို့ ကျန်းမာရေးဌာန ထုတ်ပြန်ချက်အရ သိရပါတယ်။

PHOTO-MOHS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013