DVB Logo
Home
မြန်မာသတင်း
ပေါက် သက္ကရက်ကန် ရေနံမှော်တွင် မီးလောင် 
DVB
·
June 2, 2020
ပေါက် သက္ကရက်ကန် ရေနံမှော်တွင် မီးလောင် 
1 / 4
Donate to DVB

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နဲ့  ၃၅ မိုင်ခန့်အကွာရှိ သက္ကရက်ကန်ကျေးရွာအုပ်စု ကြက်ဆူအိုင့်ကျေးရွာ အနောက် နှစ်မိုင်အကွာခန့်ရှိ ရေနံမှော်မှာ ဇွန် ၂ ရက် မနက် ၅ နာရီခွဲလောက်က ရေနံတွင်း မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း ပေါက်မြို့ မီးသတ်ဦးစီးဌာနက သိရပါတယ်။

မီးလောင်မှုဖြစ်ပွားသော ရေနံလက်ယက်တွင်းဟာ ပေါက်မြို့နယ် ကြက်ဆူအိုင်ကျေးရွာနေ မြေပိုင်ရှင် ဦးဌေးစံ ရဲ့ မြေပေါ်မှာ ငှားရမ်းလုပ်ကိုင်နေသူ မြိုင်မြို့နယ် ပေါင်းတည်ကျေးရွာနေ ကိုသန်းဇော် ရဲ့ ရေနံကျင်းမှာ ရေနံခပ်နေစဉ် ရေနံတွင်းသံပိုက်နဲ့ ရေနံခပ်ခွက်သံကိုင်းတို့ ထိခိုက်ရာမှ မီးပွားထွက်ကာ ရေနံဂက်စ်ငွေ့နဲ့  ထိတွေ့ပြီး စတင်လောင်ကျွမ်းရာ အနီးရှိ ရေနံစိမ်းသိုလ်လှောင်ကန်ကို ကူးစက်လောင်ကျွမ်းခဲ့ကြောင်းသိရပါတယ်။

မီးလောင်မှုကြောင့် ရေနံစိမ်းပေပါ ၁၀၀ ခန့် (တန်ဖိုးကျပ် သိန်း ၆၀ ကျပ်ခန့်) ၊ ဂျင်ဒေါင်းအင်ဂျင် ဟောင်း နှစ်လုံး၊ စက်ကလပ်ခုံဟောင်း တစ်လုံး  စုစုပေါင်း ဆုံးရုံးမှုခန့်မှန်းတန်ဖိုး ကျပ်  ၆၄ သိန်းကျပ်ခန့် ဆုံးရှုံးခဲ့ပြီး လူနဲ့ တိရိစ္ဆာန် ထိခိုက်မှု မရှိကြောင်း ပေါက်မြို့ မီးသတ်ဦးစီးဌာနက ပြောပါတယ်။  

ပေါက်မြို့နယ်နဲ့ မြိုင်မြို့နဲ့ ဗဟင်းနယ်မြေ မီးသတ်တပ်ဖွဲ့ဝင်တွေက မီးသတ်ယာဉ်တွေနဲ့ သွားရောက် မီးငြှိမ်းသတ်ရာမှာ မနက်  ၉နာရီခွဲလောက်မှာ  မီးငြိမ်းခဲ့ပါတယ်။

ရေနံတွင်း မီးလောင်ကျွမ်းခဲ့သောကြောင့် ရေနံကျင်းပိုင်ရှင် ကိုသန်းဇော်ကို ပေါက်မြို့နယ် ရေပြာနယ်မြေရဲစခန်းက  (ပ) ၉၁/၂၀၂၀၊ ရာဇသတ်ကြီးပုဒ်မ ၂၈၅ နဲ့ အရေးယူထားပါတယ်။

သတင်း - ကိုလင်း (ချောက်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013