DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် ၂ လအတွင်း လေပြင်းတိုက်ခတ်မှု ၁၁၈ ကြိမ်ဖြစ်ပွားပြီး လူ ၁၀,၀၀၀ ကျော် လေဘေးသင့်
DVB
·
June 2, 2020
မကွေးတိုင်းတွင် ၂ လအတွင်း လေပြင်းတိုက်ခတ်မှု ၁၁၈ ကြိမ်ဖြစ်ပွားပြီး လူ ၁၀,၀၀၀ ကျော် လေဘေးသင့်
Donate to DVB

မကွေးတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ ဧပြီလနဲ့မေလအတွင်း လေပြင်းတိုက်ခတ်မှု ၁၁၈ ကြိမ် ဖြစ်ပွားခဲ့ပြီး လူဦးရေ ၁၀၀၀၀ ကျော် လေဘေးသင့်ခဲ့ကာ  သေဆုံးသူ ၃ ဦးနဲ့ ဒဏ်ရာရသူ ၄ ဦး ရှိခဲ့တယ်လို့  တိုင်း ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနကနေ သိရပါတယ်။

ဒါ့အပြင် နေအိမ် ၁၁၅ လုံးပြိုကျပျက်စီးပြီး အိမ်ခြေ ၂၇၀၀ လောက် တစ်စိတ်တစ်ပိုင်းပျက်စီးကာ ဘာသာရေး အဆောက်အုံ တစ်လုံးပြိုကျခဲ့သလို  ၅၈ လုံးတစ်စိတ်တစ်ပိုင်းပျက်စီးခဲ့တယ်လို့ မကွေးတိုင်း ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက ပြောပါတယ်။

လေဘေးသင့်ပြည်သူတွေကို ဆန်ရိက္ခာဖိုးနဲ့ အိမ်ဆောက်ပစ္စည်းဖိုး ကျပ်သိန်းပေါင်း ၁၂၀၀ ကျော်ထောက်ပံ့ပေးခဲ့ကာ ကယ်ဆယ်ရေးပစ္စည်း ၁၇ မျိုးထောက်ပံ့ပေးခဲ့တယ်လို့လည်း ပြောပါတယ်။

မကွေးတိုင်းဒေသကြီးမှာ ယခုနှစ်အတွင်းလေပြင်းတိုက်ခတ်မှုအကြိမ်ရေနဲ့ ပျက်စီးဆုံးရှုံး မှုအနေနဲ့ ပြီးခဲ့တဲ့ ၂၀၁၉ ခုနှစ်ကထက် ပိုမိုများပြားတယ်လို့ ဘေးအန္တယ်ရာယ်စီမံခန့်ခွဲမှု ဦးစီးဌာနကနေ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013