DVB Logo
Home
မြန်မာသတင်း
ချောက်မြို့မှ ခရီးသည်တင်ယာဉ် အစီး ၆၀ ကျော် တိုင်းကျော်မြို့များသို့ ပြန်လည်ပြေးဆွဲ
DVB
·
June 1, 2020
ချောက်မြို့မှ ခရီးသည်တင်ယာဉ် အစီး ၆၀ ကျော် တိုင်းကျော်မြို့များသို့ ပြန်လည်ပြေးဆွဲ
Donate to DVB

ကိုရိုနာဗိုင်းရပ်စ် (COVID 19) ကပ်ရောဂါကာကွယ်ထိန်းချုပ်နိုင်ဖို့ ယာယီပိတ်ထားတဲ့ မကွေးတိုင်း ချောက်မြို့အခြေစိုက် ခရီးသည်တင် ယာဉ်လိုင်းအသင်းတွေဟာ ဇွန်လ ၁ ရက်နေ့ စတင်ပြီး ပြန်လည်ပြေးဆွဲနေပါတယ်။

ရန်ကုန်၊ မန္တလေးမြို့အပါအဝင် အခြားတိုင်းကျော်မြို့တွေကို ယာဉ် အစီးရေ ၆၀ နဲ့ နေ့စဉ် ပြန်လည်ပြေးဆွဲပြီလို့ ချောက်မြို့ ယာဉ်ကြီးကြပ်ရေးကော်မတီထံက သိရပါတယ်။

မကွေးတိုင်းအစိုးရအဖွဲ့က မန္တလေးမြို့အပါအဝင် အခြားတိုင်းကျော်‌ဒေသမြို့တွေကို မေ ၂၈ ရက်နေ့က စတင်ပြီး ခရီးသည်တင် မော်တော်ယာဉ် ပြေးခွင့်ပြုထားပေမဲ့ ရန်ကုန်တိုင်းကို ဇွန်လ ၁ ရက်နေ့မှ စတင်ပြေးဆွဲဖို့ ညွန်ကြားထားတယ်လို့ ချောက်မြို့ ယာဉ်ကြီးကြပ်ရေးကော်မတီ ဥက္ကဋ္ဌ ဦးလှအောင်ရွှေက ပြောပါတယ်။

ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန ညွန်ကြားချက်နဲ့အညီ စတင်ပြေးဆွဲနေပြီး ထိုင်ခုံနှစ်ခုံ တစ်ယောက်နှုန်းနဲ့ ယာဉ်စီးခ တစ်ဆခွဲ တောင်းခံပြီး ပြေးဆွဲတာလို့ သိရပါတယ်။

ဇွန်လ ၁ ရက်နေ့မနက်က ခရီးသည်တင် Express မှန်လုံအမြန်ယာဉ်လိုင်း ၁၆ သင်းမှ ရန်ကုန် ၉ စီး၊ မန္တလေး ၃၃ စီး၊ နေပြည်တော် ၅ စီး၊ တောင်ကြီး ၆ စီး၊ ပြင်ဦးလွင် ၂ စီး၊ လားရှိုး ၂ စီး၊ ပြည် ၂ စီးနဲ့ ကန်ပက်လက်မြို့ ၁ စီး စုစုပေါင်း မော်တော်ယာဉ် အစီး ၆၀ စတင်ပြေးဆွဲနေပြီလို့ သိရပါတယ်။

အဝေးပြေ မော်တော်ယာဉ်လိုင်းတွေအနေနဲ့ ယာဉ်မထွက်မီ တစ်ကြိမ်၊ ယာဉ်ဆိုက်ရောက်ပြီး တစ်ကြိမ် ဆေးဖြန်းတာနဲ့ ယာဉ်ပေါ်ပါ ခရီးသည်တွေကိုလည်း ယာဉ်ပေါ်မတက်ခင် လက်ဆေးစေတာ၊ ထမင်းစားနားပြီး ယာဉ်ပြန်မထွက်မီ တစ်ကြိမ် လက်ဆေးစေပြီး ပြေးဆွဲနေတယ်လို့ ယာဉ်ပိုင်ရှင်တဦးက ပြောပါတယ်။

မကွေးတိုင်းအခြေစိုက် ခရီးသည်တင်ယာဉ်လိုင်းအသင်းတွေကိုတော့ မေလ ၁၆ ရက်နေ့ကစတင်ကာ တိုင်းအတွင်းရှိ မြို့တွေကို ပြေးဆွဲခွင့်ပြုထားတာပါ။

ကိုလင်း(ချောက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013