DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် Mask မတပ်ဆင်ပါက Mask  ၂ ခုကို ကျပ်  ၂၀၀၀ နှုန်းဖြင့် ဝယ်ယူရမည်
DVB
·
June 1, 2020
မကွေးတိုင်းတွင် Mask မတပ်ဆင်ပါက Mask  ၂ ခုကို ကျပ်  ၂၀၀၀ နှုန်းဖြင့် ဝယ်ယူရမည်
Donate to DVB

မကွေးတိုင်းဒေသကြီးအတွင်း လမ်းပေါ်တွေမှာသွားလာသူတွေ နှာခေါင်းစည်း Mask မတပ်ဆင်ပါက ဇွန်လ ၁ ရက်ကစလို့ Mask နှစ်ခုကိုကျပ် ၂၀၀၀ နှုန်းနဲ့ရောင်းချသွားမယ်လို့  အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနကနေ သိရပါတယ်။

မကွေးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က" Mask တစ်ခုကို တစ်ထောင်ကျပ် နှုန်းဆိုပေမယ့် တစ်ခုတည်းဝယ်ယူလိုမရဘဲ ၂ ခုကို ၂၀၀၀ ကျပ်နှုန်းနဲ့ဝယ်ယူရမှာပါ။ အဓိက ရည်ရွယ်ချက်ကတော့  ကိုဗစ်-၁၉ ရောဂါကို တစ်ဦးတစ်ယောက်ချင်းစီကအစ ကာကွယ်တဲ့အနေနဲ့ လူတိုင်း အပြင်ထွက်ရင် နှာခေါင်းစည်း Mask တပ်ဆင်တဲ့ အလေ့ထ ဖြစ်စေချင်တာပါ။"လို့ ပြောပါတယ်။

မကွေးတိုင်းမှာ မေလ ၂၁ ရက်ကစလို့ Mask မတပ်ဆင်သူတွေကို ပထမ သုံးရက် အတွင်း တစ်ခုကို ကျပ် ၂၀၀ နှုန်းနဲ့ ဒုတိယ အဆင့်အနေနဲ့ နှစ်ခုကို တစ်ထောင်ကျပ်နှုန်းနဲ့ ကြေးမြှင့် ရောင်းချတဲ့စနစ်နဲ့ ဆောင်ရွက်နေတာပါ။

ဒီအစီအစဉ်ပြီးရင်လည်း  တိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်အတိုင်း တဆင့်ချင်း ထပ်မံ ကြေးမြှင့်တဲ့ စနစ်နဲ့ ဆောင်ရွက်သွားဖို့ပြီး ပြည်သူတွေအနေနဲ့ အပြင်ထွက်ရင် နှာခေါင်းစည်း Mask တပ်ဆင်ပြီးမှ သွားလာကြအောင် လုပ်ဆောင်သွားမယ်လို့ မကွေးမြို့နယ် အထွေထွေအု ပ်ချုပ်ရေးက ပြောပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013