DVB Logo
Home
မြန်မာသတင်း
ပလက်ဝမြို့အနီး အေအေ ခြေကုပ်စခန်း ၃ ခုနှင့် ကာကင်းစခန်းများကို တပ်က သိမ်းပိုက်
DVB
·
June 1, 2020
ပလက်ဝမြို့အနီး အေအေ ခြေကုပ်စခန်း ၃ ခုနှင့် ကာကင်းစခန်းများကို တပ်က သိမ်းပိုက်
1 / 5
Donate to DVB

ချင်းပြည်နယ် ပလက်ဝမြို့အနီးက အေအေအဖွဲ့ တပ်စွဲထားတဲ့ ခြေကုပ်စခန်း ၃ ခုနဲ့ ကာကင်းစခန်းတွေကို တပ်မတော်က မေ ၃၁ ရက်နေ့ မနက်ပိုင်းမှာ သိမ်းဆည်းရမိခဲ့တယ်လို့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ အတွင်းရေးမှူး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ဒီဗွီဘီကိုပြောပါတယ်။

အဲဒီဖြစ်စဉ်မှာ လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ကျဆုံးသွားခဲ့သလို အေအေဘက်က လက်နက်ကြီးတွေအပါအဝင် လက်နက်ခဲယမ်းမျိုးစုံနဲ့ သေဆုံးသွားတဲ့ ရုပ်အလောင်းတွေကို သိမ်းဆည်းရမိခဲ့တယ်လို့ ဆိုပါတယ်။

မေလ ၂၉ ရက်နေ့ မနက်ပိုင်း ၁၁ နာရီဝန်းကျင်ကလည်း သဇင်မြိုင်ရဲကင်းရဲ့ အနောက်မြောက်ဘက် ပွိုင့် ၇၇ တောင်ကုန်းမှာ တပ်စွဲထားတဲ့ အေအေ စခန်းတခုကိုလည်း သိမ်းဆည်းနိုင်ခဲ့သလို အဲဒီနေရာမှာ တဲအလုံး ၂၀ ဝန်းကျင်နဲ့ စစ်အသုံးဆောင်ပစ္စည်း တွေတွေ့ခဲ့တယ်လို့ ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကဆိုပါတယ်။

ခြေကုပ်စခန်း ၃ ခုနဲ့ ကာကင်းစခန်းတွေ သိမ်းဆည်းခံရတာနဲ့ ပတ်သက်ပြီး ရက္ခို်င့တပ်မတော် (အေအေ) အဖွဲ့ဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိသေပါဘူး။

အောင်သူ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013