DVB Logo
Home
မြန်မာသတင်း
တာချီလိတ် Quarantine စခန်းမှ အမျိုးသား ၁ ဦး ထွက်ပြေး
DVB
·
May 31, 2020
တာချီလိတ် Quarantine စခန်းမှ အမျိုးသား ၁ ဦး ထွက်ပြေး
Donate to DVB

ထိုင်းနိုင်ငံက ပြန်လာသူတွေကို Quarantine ထားရှိတဲ့ တာချီလိတ်မြို့ မိုးကုတ်ဝိပဿနာရိပ်သာကနေ အသက် ၆၆ နှစ်အရွယ် အမျိုးသားတဦး မေ ၃၁ ရက် မနက်အစောပိုင်းက ထွက်ပြေးသွားပါတယ်။

သူက ထိုင်းထောင်တွေကနေ ပြစ်ဒဏ်စေ့ပြီး လွတ်မြောက်လာတဲ့ ၂၈ ဦးထဲက ၁ ဦးဖြစ်ပြီး မယ်ဆိုင်ဘက်ကို ပြန်ထွက်ပြေးသွားတယ်လို့ သိရပါတယ်။

မယ်ဆိုင်ဘက်က သူ့အိမ်ခန်း လခပြည့်တော့မှာ ဖြစ်လို့ လခထပ်မပေးနိုင်ရင် သူ့ပစ္စည်းတွေကို အခန်းပိုင်ရှင်က လွှင့်ပစ်မှာ စိုးရိမ်ကြောင်း Quarantine စခန်းက တာဝန်ရှိသူတွေကို ပြောတယ်လို့ တာချီလိတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောပြပါတယ်။

ထွက်ပြေးသွားတဲ့သူကိုတော့ မယ်ဆိုင်ဘက်က တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ပြီး ဖမ်းဆီးနိုင်ဖို့ လုပ်ဆောင်နေသလို တာချီလိတ်မြို့မရဲစခန်းမှာလည်း ကူးစက်ရောဂါဥပဒေနဲ့ အမှုဖွင့်ထားပါတယ်။

ထိုင်းက ပြန်လာတဲ့ နေရပ်ပြန် ၄၇ ဦးနဲ့ ပြစ်ဒဏ်စေ့ ၂၈ ဦးကို တာချီလိတ်က မိုးကုတ်ဝိပဿနာရိပ်သာမှာ Quarantine ထားရှိထားပြီး သူတို့ရဲ့ တို့ဖတ်နမူနာတွေကို ကိုဗစ်-၁၉ ဓာတ်ခွဲစစ်ဆေးဖို့ မေလ ၃၀ ရက်က ရန်ကုန်ကို ပို့ထားပါတယ်။

ဓာတ်ခွဲရလဒ်မှာ ပိုးမတွေ့ဆိုတဲ့ အဖြေထွက်မှသာ သူတို့ကို နေရပ်တွေ ပြန်နိုင်ဖို့ စီစဉ်ပေးမှာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013