DVB Logo
Home
မြန်မာသတင်း
ရန်ကုန်တိုင်းတွင် နှာခေါင်းစည်းမတပ်သဖြင့် ဒဏ်ရိုက်အရေးယူခံရသူ ၂၉၀၀ ကျော်ရှိ
DVB
·
May 31, 2020
ရန်ကုန်တိုင်းတွင် နှာခေါင်းစည်းမတပ်သဖြင့် ဒဏ်ရိုက်အရေးယူခံရသူ ၂၉၀၀ ကျော်ရှိ
Donate to DVB

ကိုကိုးကျွန်းမြို့နယ်ကလွဲပြီး ရန်ကုန်တိုင်း ၄၄ မြို့နယ်မှာ နှာခေါင်းစည်းမတပ်လို့ ဒဏ်ရိုက်အရေးယူခံရတဲ့သူပေါင်း ၂၉၀၀ ကျော်ရှိပြီလို့ ရန်ကုန်တိုင်းအစိုးရအဖွဲ့က လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ဒီဗွီဘီကို ပြောပါတယ်။ 

မေ ၁၃ ရက်နေ့က ရန်ကုန်မှာ ဒဏ်ရိုက်အရေးယူတဲ့ အစီအစဉ်စတင်ခဲ့ပြီးနောက် မေ ၁၅ ရက်နေ့ကနေ ၂၈ ရက်နေ့အထိ ရန်ကုန်တိုင်း ၄၄ မြို့နယ်မှာ လူ ၂၉၀၃ ဦးကို ဒဏ်ရိုက်အရေးယူခဲ့တာလို့ ဆိုပါတယ်။ 

ပြည်သူလူထုက ကျန်းမာရေး အသိနဲ့သာ သွားလာနေထိုင်မယ်ဆိုရင် အားလုံးအတွက် ကာကွယ်ပေးသလို ဖြစ်နိုင်မယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့  Mask မတပ်ရင် ဒဏ်ရိုက်အရေးယူတာဖြစ်ကြောင်း လူမှုရေးဝန်ကြီး ဦးနိုင်ငံလင်းက ပြောပါတယ်။ 

သင်္ကြန်ပြီးနောက်ပိုင်း ပြည်သူလူထုအနေနဲ့ နှာခေါင်းစည်းမတပ်ဘဲ အိမ်အပြင်ထွက်တာတွေ ရှိခဲ့တဲ့အပြင် လူများစုသွားလာရာတွေဖြစ်တဲ့ ဈေးတွေမှာလည်း နှာခေါင်းစည်းမတပ်ဘဲ ရောင်းဝယ်နေတာကို သတင်းမီဒီယာတွေက ဖော်ပြပြီးနောက်ပိုင်း တိုင်းနဲ့ပြည်နယ် ၅ ခုက စခဲ့တဲ့ နှာခေါင်းစည်းမတပ်ရင် ဒဏ်ရိုက်အရေးယူတဲ့ အစီအစဉ်တွေကို မေ ၁၃ ရက်နေ့ကစပြီး ရန်ကုန်တိုင်းအစိုးရက စတင်ခဲ့တာပါ။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013