DVB Logo
Home
မြန်မာသတင်း
စစ်ဘေးရှောင်စခန်း ၂၃ ခုအတွက် စားနပ်ရိက္ခာများ ထောက်ပံ့
DVB
·
May 31, 2020
စစ်ဘေးရှောင်စခန်း ၂၃ ခုအတွက် စားနပ်ရိက္ခာများ ထောက်ပံ့
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ စစ်ဘေးရှောင်စခန်း ၂၃ ခုအတွက် စားနပ်ရိက္ခာတွေကို လားရှိုးမြို့ မြို့တော်ခန်းမမှာ ကိုဗစ်-၁၉ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရးကော်မတီက မေလ ၂၉ ရက်မှာ ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

ရှမ်းပြည်နယ် အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ကမ္ဘောဇဘဏ် နာယကကြီးတို့က နမ္မတူမြို့နယ်က စစ်ဘေးရှောင်စခန်း ၃ ခု၊ ကွတ်ခိုင် မြို့နယ် ၁၂ ခု၊ နမ့်ခမ်းမြို့နယ်က ၆ ခုနဲ့ မန်တုံမြို့နယ်က စခန်း ၂ ခုတို့အတွက် ထောက်ပံ့ပေးတာ ဖြစ်ပါတယ်။

အစိုးရအနေနဲ့ ထောက်ပံ့တာမဟုတ်ဘဲ စားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီက ထောက်ပံ့တာဖြစ်ပြီး အစိုးရထောက်ပံ့မှုလည်း သတ်သတ်ပေးထားတယ်လို့ ဗမာတိုင်းရင်းသား ရေးရာဝန်ကြီး ဒေါက်တာအောင်သန်းမောင်က ပြောပါတယ်။

ကိုဗစ်-၁၉ ကာလမှာ စစ်ရှောင်စခန်းတွေက ပြည်သူတွေ အထောက်အပံ့ ပိုမိုလိုအပ်တဲ့အတွက် အခုလို ထောက်ပံ့ပေးတာလို့ ကိုဗစ်-၁၉ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီ ဒုဥက္ကဋ္ဌ ကိုတူးငယ်က ပြောပါတယ်။

ရှမ်းပြည်နယ် တိုက်ပွဲရှောင်စခန်း ၂၃ ခုရှိပြီး အိမ်ထောင်စု ၁၃၁၀ အတွက် ဆန်၊ ဆီ၊ ဆား၊ ကုလားပဲတွေ ပါဝင်တဲ့ ရိက္ခာထုပ်ပေါင်း ၁၃၁၀၊ ဆန်အိတ် ၁၀၀၀ နဲ့ ဆီပုံး ၁၀၀၊ ဆားအိတ် ၁၀၀၊ ကုလားပဲ အိတ် ၁၀ဝ တို့ကို ပေးအပ်လှူဒါန်းခဲ့ပါတယ်။

ရှမ်းမြောက်ဒေသအတော်များများဟာ စိုက်ပျိုးသီးနှံပိုးကျတဲ့အတွက် အခက်ခဲရှိသလို ကိုဗစ်-၁၉ ကာလ အပြင်မထွက်ရတဲ့အတွက် စားဝတ်နေရေး အခက်ခဲရှိနေကြတယ်လို့ မန်စိန်ကျ ကျေးရွာ အုပ်ချုပ်ရေးမှူး ဦးအောင်ထွန်းလင်းက ပြောပါတယ်။

ဒါ့အပြင် ကိုဗစ်-၁၉ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရေးကော်မတီက ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မန်ဆူရှမ်းကျောင်း၊ အထက်မန်အိုင်၊ ရှန်ခိုက်၊ လွယ်လွမ့် စတဲ့ ဘုန်းကြီးကျောင်းတွေက ဒေသခံတိုင်းသားတွေအတွက်လည်း ထောက်ပံ့ပေးအပ်ခဲ့ပါတယ်။

ကိုဗစ်-၁၉ ရှမ်းပြည်နယ် ပြည်သူလူထုစားနပ်ရိက္ခာ ထောက်ပံ့ရးကော်မတီ ရှမ်းပြည်နယ် မြောက်ပိုင်း ထောက်ပံ့ရေးခရီးစဉ်ကို မေ ၂၉ ရက်က ၃၀ ရင်အထိ တိုက်ပွဲရှောင်စခန်း၊ စားဝတ်နေရေး ခက်ခဲတဲ့ဒေသခံနဲ့ ဘုန်းတော်ကြီး ကျောင်းတိုက်တွေမှာ ထောက်ပံ့ပေးအပ် ခဲ့ပါတယ်။

ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013