DVB Logo
Home
မြန်မာသတင်း
ဗိုလ်တထောင်စေတီကိစ္စ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို ဖြေရှင်းချက်တောင်းထားဟု ဦးဇော်ဌေးပြော
DVB
·
May 30, 2020
ဗိုလ်တထောင်စေတီကိစ္စ ရန်ကုန်တိုင်းအစိုးရအဖွဲ့ကို ဖြေရှင်းချက်တောင်းထားဟု ဦးဇော်ဌေးပြော
Donate to DVB

ဗိုလ်တထောင်စေတီမှာ လူစုလူဝေးနဲ့ ဘာသာရေးပွဲပြုလုပ်တယ်ဆိုတဲ့ ပြောဆိုနေကြတဲ့ ကိစ္စနဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ကို  ဖြေရှင်းချက် တောင်းခံထားတယ်လို့ သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ  ဦးဇော်ဌေးက ပြောပါတယ်။

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်ဆိပ်ကမ်းမှာ မေ ၂၄ ရက်က ရှင်ဥပဂုတ္တဖောင်တော်ရေချပူဇော်မင်္ဂလာနဲ့ မြနန်းနွယ်ကျောင်းဆောင် ရွှေ့ပြောင်းတဲ့ လုပ်ဆောင်ချက်တွေဟာ လူစုလူဝေးနဲ့ဆောင်ရွက်တယ်ဆိုပြီး လူတွေက ဝေဖန်ပြောဆိုနေကြတာပါ။ 

ဒါနဲ့ပတ်သက်ပြီး ဒီနေ့ သတင်းထောက်တွေနဲ့ ပြုလုပ်တဲ့ အွန်လိုင်းသတင်းစာရှင်းလင်းပွဲမှာ  ဦးဇော်ဌေးက အခုလို ပြောဆိုသွားတာပါ။

“ဗိုလ်တထောင်ဆိပ်ကမ်းမှာ ရှင်ဥပဂုတ္တဖောင်တော်ရေချပူဇော်မင်္ဂလာနဲ့ ဗိုလ်တထောင်ဘုရား ဘက်စုံမွမ်းမံဖို့၊ မြနန်းနွယ်ကျောင်းဆောင် ပြုပြင်မွမ်းမံရာမှာ လူစုလူဝေး ဖြစ်ခဲ့တယ်ဆိုတဲ့ အခြေအနေတွေ မီဒီယာမှာ ဖော်ပြလာတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ရန်ကုန်တိုင်းဒေသကြီး အစိုးရကနေ ဆောလျင်စွာ ဖြေရှင်းတင်ပြဖို့ ကျနော်တို့ အကြောင်းကြားထားတယ်။ ရန်ကုန်တိုင်းဒေသကြီးအစိုးရအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ ဖြေရှင်းတင်ပြဖို့ ရှိပါတယ်။ ဖြေရှင်းတင်ပြချက်အပေါ်မူတည်ပြီး လူကြီးတွေက စီမံဆောင်ရွက်မှာ ဖြစ်ပါတယ်။"

ဒါနဲ့ပက်သက်ပြီး လူ ၂ ဦးကလည်း တရားစွဲဖို့ ဆောင်ရွက်ခဲ့တာတွေလည်း ရှိပါတယ်။ 

အဲဒီလို ဝေဖန်မှုတွေအပေါ် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ဗိုလ်တထောင်စေတီမှာ ဆောင်ရွက်ခဲ့တာတွေဟာ ဆောင်လုပ်ရေးလုပ်ငန်းခွင် ပြန်လည်လည်ပတ်ဖို့ ဆောင်ရွက်တာဖြစ်ပြီး ပွဲလမ်းသဘင် မဟုတ်ဘူးလို့ မေ ၂၆ ရက် က ဒီဗွီဘီကို ဖြေကြားခဲ့ပါတယ်။ 

နိုင်ငံပိုင်သတင်းစာမှာတော့ ရှင်ဥပဂုတ္တမထေမြတ် ဖောင်တော် ရေချပူဇော်ပွဲကို ဝန်ကြီးချုပ်နဲ့ ဝန်ကြီးတွေ တက်ရောက်တယ်လို့ ရေးသားဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013