DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်တွင် Mask မတပ်သူများကို ဇွန် ၈ ရက်နေ့ စတင်အရေးယူမည်
DVB
·
May 30, 2020
မွန်ပြည်နယ်တွင် Mask မတပ်သူများကို ဇွန် ၈ ရက်နေ့ စတင်အရေးယူမည်
Donate to DVB

မွန်ပြည်နယ်မှာ Mask မတပ်သူတွေကို ဇွန်လ ၈ ရက်နေ့ကစပြီး အရေးယူတော့မယ်လို့ မွန်ပြည်နယ် အစိုးရအဖွဲ့က မေလ ၃၀ ရက်နေ့မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အဲဒီလို အရေးယူဆောင်ရွက်ရာမှာ ဇွန် ၁ ရက်နေ့ကနေ ၇ ရက်နေ့အထိ အသိပညာပေးကာလအဖြစ် သတ်မှတ်ထားပြီး ပညာပေးကာလ ကျော်လွန်ရင် စတင်အရေးယူသွားဖို့ ရှိနေပါတယ်။

နေအိမ် အပြင်ထွက်သူတွေအနေနဲ့ Mask ကို စနစ်တကျ တပ်ဆင်ခြင်းမရှိရင် ကူးစက်ရောဂါ ကာကွယ်နှိမ်နင်းရေး ဥပဒေနဲ့အညီ ဒဏ်ငွေရိုက် အရေးယူသွားမယ်လို့ ဆိုထားပါတယ်။

ဒါပေမဲ့ အစိုးရအဖွဲ့ရဲ့ ထုတ်ပြန်ကြေညာချက်မှာတော့ ဒဏ်ငွေရိုက် အရေးယူမယ့် ငွေပမာဏကို ထုတ်ပြန်ကြေညာထားခြင်း မရှိပါဘူး။

မွန်ပြည်နယ် အစိုးရအဖွဲ့ဟာ ကိုဗစ်-၁၉ ရောဂါ ဖြစ်ပွားပြီး အချိန် ၂ လကျော်အကြာမှ Mask မတတ်သူတွေကို အရေးယူဖို့ ပြင်ဆင်လာတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013