DVB Logo
Home
မြန်မာသတင်း
ပဲခူးတိုင်းတွင် နှာခေါင်းစည်းမတပ်သူများအား ဒဏ်ရိုက်ပြီး မဝယ်နိုင်သူများကို အခမဲ့ပေးဝေ
DVB
·
May 30, 2020
ပဲခူးတိုင်းတွင် နှာခေါင်းစည်းမတပ်သူများအား ဒဏ်ရိုက်ပြီး မဝယ်နိုင်သူများကို အခမဲ့ပေးဝေ
Donate to DVB

ပဲခူးတိုင်းမှာ နှာခေါင်းစည်းမတပ်သူတွေကို ဒဏ်ရိုက်အရေးယူတာနဲ့ နှာခေါင်းစည်းဝယ်ဖို့ မတတ်နိုင်သူတွေကိုလည်း အခမဲ့ပေးဝေတာတွေ တပြိုင်တည်း လုပ်ဆောင်နေပါတယ်။

ကိုဗစ်-၁၉ ကို ကာကွယ်တဲ့အနေနဲ့ Mask Campain တွေကို မေလ ၁၇ ရက်နေ့ကစပြီး ပဲခူးတိုင်းအတွင်းက မြို့နယ် ၂၈ မြို့နယ်မှာ တပြိုင်တည်းပြုလုပ်ခဲ့ပါတယ်။

မေလ ၁၇ ရက်နေ့ကနေ ၂၀ ရက်နေ့အထိ ၃ ရက်တိုင်တိုင် နှာခေါင်းစည်းတွေကို အခမဲ့ဝေငှခဲ့ပြီး အသိပညာပေးလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့ပြီးနောက် မေ ၂၁ ရက်နေ့ကနေစပြီး နှာခေါင်းစည်း မတပ်သူတွေကို နှာခေါင်းစည်း ၂ ခုကို ငွေ ၁၀၀၀ ဒဏ်ရိုက်တဲ့အနေနဲ့ ဝယ်ခိုင်းခဲ့ပြီး လိုက်နာမှုအားနည်းနေသေးတဲ့အတွက် နှာခေါင်းစည်း ၂ ခုကို ၂၀၀၀ အထိ တိုးပြီး ဒဏ်ရိုက်အသိပညာပေးခဲ့ပါတယ်။

အခုနောက်ပိုင်းမှာတော့ တော်တော်များများ လိုက်နာလာကြသလို တချို့ နှာခေါင်းစည်းဝယ်ဖို့ အခက်အခဲရှိသူတွေကိုလည်း အခမဲ့ဝေငှပေးတာတွေကိုပါ တပြိုင်တည်း လုပ်ဆောင်နေတယ်လို့ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဒုတိယညွှန်ကြားရေးမှူးဦးအောင်ဆွေက ပြောပါတယ်။

နှာခေါင်းစည်း မတပ်လာလို့ ဒဏ်ရိုက်ခံရသူတဦးကတော့ သူ့လို ဒဏ်ရိုက်မခံရအောင် အိမ်ကစထွက်ကတည်းက နှာခေါင်းစည်းတပ်ဖို့ကို မမေ့စေချင်ဘူးလို့ သတိပေးပြောဆိုပါတယ်။

“ပဲခူးမြို့မှာ အရင်လိုပဲ ပြည်သူတွေက သွားလာနေကြပါတယ်။ အဲဒီလိုသွားလာတဲ့နေရာမှာ နှာခေါင်းစည်းပတ်သူတွေရှိသလို မတပ်သူတွေကလည်း ရှိနေပါသေးတယ်။ အဲဒီအတွက် နှာခေါင်းစည်းတပ်တာတို့ လက်ဆေးတာတို့ကိုတော့ တိတိကျကျ အရေးယူစေချင်တယ်” လို့ လွှတ်တော်ကိုယ်စားလှယ် ဦးညွန့်ရွှေက ပြောပါတယ်။

ပဲခူးမြို့မှာ အခုချိန်အထိ ရောဂါပိုးတွေ့ရှိသူ မရှိသေးပေမယ့် အခုရက်ပိုင်း မလေးရှား၊ တရုတ်နဲ့ ထိုင်းနိုင်ငံတို့က ပြန်လာသူတွေ အမြောက်အမြားရှိနေတဲ့အတွက် ပြည်သူတွေအနေနဲ့ စိုးရိမ်နေဖို့မလိုပေမယ့် ကျန်းမာရေးဝန်ကြီးဌာနရဲ့ ညွှန်ကြားချက်တွေအတိုင်း လိုက်နာနေထိုင်ဖို့တော့ လိုအပ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013