DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းရှိ မော်တော်ယာဉ်များကို ခရီးသည်တဝက်လျှော့ချပြီး တိုင်းကျော်ပြေးဆွဲခွင့်ပြု
DVB
·
May 30, 2020
မကွေးတိုင်းရှိ မော်တော်ယာဉ်များကို ခရီးသည်တဝက်လျှော့ချပြီး တိုင်းကျော်ပြေးဆွဲခွင့်ပြု
Donate to DVB

မကွေးတိုင်းတွင်းက မော်တော်ယာဉ်လိုင်းတွေကို ခရီးသည်တ၀က် လျှော့ချပြီး တိုင်းကျော်ပြေးဆွဲခွင့် ပြန်လည်ခွင့်ပြုပေးလိုက်ပြီလို့ လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာန ဦးစီးမှူး ဦးသိန်းဟန်က ပြောပါတယ်။

ခရီးသည်တင် မော်တော်ယာဉ်လိုင်းတွေကို တိုင်းဒေသကြီးအစိုးရရဲ့ ပန်ကြားချက်နဲ့ ဧပြီ ၁၅ ရက်နေ့ကစလို့ ယာယီရပ်နားပြီး တိုင်းအတွင်း ပြေးဆွဲနေတဲ့ မော်တော်ယာဉ်လိုင်းတွေကိုတော့ မေ ၁၆ ရက်နေ့ကစပြီး ပြန်လည်ပြေးဆွဲခွင့်ပြုခဲ့တာပါ။

“တိုင်းအတွင်း ခရီးသည်လိုက်ပါမှု နည်းပါးတဲ့အတွက် တိုင်းကျော်ပြေးဆွဲခွင့်ကို အစိုးရအဖွဲ့ရဲ့ လမ်းညွှန်ချက်နဲ့ မေ ၂၈ ရက်နေ့က စတင်ပြေးဆွဲခွင့်ပြုခဲ့တာပါ။ ရန်ကုန်တိုင်းဒေသကြီးကိုတော့ ကိုဗစ်-၁၉ ရောဂါကာကွယ်ရေး ထိန်းချုပ်နယ်မြေဖြစ်လို့ ဇွန် ၁ ရက်နေ့ကစ ပြေးဆွဲခွင့်ပြုမှာပါ။ တခြားတိုင်းဒေသကြီးတွေမှာတော့ ယာဉ်လိုင်းတွေ ရပ်နားတာမရှိပေမယ့် မကွေးတိုင်းအတွင်းကို နေရပ်ပြန်တွေ များပြားနိုင်လို့ ရောဂါကာကွယ်နိုင်အောင် အစိုးရကနေ ပန်ကြားချက်ထုတ်ပြန်တဲ့သဘောဖြစ်ပါတယ်။ တိုင်းကျော်ပြန်လည်ပြေးဆွဲခွ့င်ပြုပြီ ဆိုပေမယ့် တခြားတိုင်းဒေသကြီးအစိုးရအဖွဲ့ရဲ့ ညွှန်ကြားချက်တွေကို လိုက်နာကြရမှာ ဖြစ်တယ်” လို့ ဦးသိန်းဟန်က ပြောပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်နိုင်အောင် မော်တော်ယာဥ်ပေါ်မှာ အမှိုက်ခြင်းတခုစီ ထားရှိပြီး နှာခေါင်းစည်း Mask ဝေငှကာ၊ ဟန်းဂျယ်တွေဖျန်းပြီးမှ သွားလာခွင့်ပြုမှာပါ။ ခရီးသည်ကိုလည်း တဝက်သာ တင်ဆောင်ရမှာဖြစ်ပြီး ယာဉ်စီးခနှုန်းထားကို ၁ ဆခွဲ ကောက်ခံဖို့ ခွင့်ပြုထားပါတယ်။

မကွေးတိုင်းအတွင်းမှာ တိုင်းကျော်ပြေးဆွဲတဲ့ မော်တော်ယာဉ်လိုင်း ၂၆၄ လိုင်းနဲ့ တိုင်းအတွင်း ပြေးဆွဲနေတဲ့ မော်တော်ယာဉ်လိုင်း ၇၉ လိုင်း၊ စုစုပေါင်း ၃၄၃ လိုင်း ပြေးဆွဲနေတယ်လို့ လုပ်ငန်းလိုင်စင်နှင့်သယ်ယူပို့ဆောင်ရေး ကြီးကြပ်ညှိနှိုင်းမှုဌာနက သိရပါတယ်။

မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013