DVB Logo
Home
မြန်မာသတင်း
ပုသိမ်မြို့တွင် ဒဏ်ရိုက်ရငွေဖြင့် Mask ၂၆၀၀ ကျော် အခမဲ့ပေးဝေ
DVB
·
May 30, 2020
ပုသိမ်မြို့တွင် ဒဏ်ရိုက်ရငွေဖြင့် Mask ၂၆၀၀ ကျော် အခမဲ့ပေးဝေ
1 / 4
Donate to DVB

ပုသိမ်မြို့မှာ Mask မတပ်သူတွေအား ဒဏ်ရိုက်ရရှိငွေ ၆ သိန်းကျော်နဲ့ Mask အခု ၂၆၀၀ ကျော် အခမဲ့ပေးဝေခဲ့တယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ မေလ ၂၁ ရက်နေ့က စတင်ကာ နေအိမ်ပြင်ပသွားလာသူတွေ Mask မတပ်ပါက ခုဝယ် ခုတပ်စနစ်နဲ့ Mask ၃ ခုကို ၃၀၀၀ နှုန်းနဲ့ ရောင်းချပြီး ရရှိလာတဲ့ငွေတွေနဲ့ Mask တွေ အခမဲ့ပြန်လည်ပေးဝယ်တာပါ။

နေအိမ်ပြင်ပသွားလာသူတွေ Mask မတပ်လာလို့ Mask ရောင်းရငွေ ၆ သိန်းကျော်နဲ့ အခြေခံလူတန်းစားရပ်ကွက်တွေကို သွားရောက်ပြီး Mask အခု ၂၆၅၀ ကို မြို့နယ် ကိုဗစ်ကော် မတီအဖွဲ့တွေက မေလ ၂၈ ရက်နေ့က လိုက်လံပေးဝေခဲ့တာပါ။

“ဒီနေ့ထိ စုစုပေါင်း ရောင်းရငွေ ၆ သိန်း ၃ သောင်းလောက်ရပါတယ်။ အဲ့ငွေတွေကို အခြေခံလူတန်းစားတွေအတွက် Mask တွေ ပြန်လည်ဝေပေးခဲ့တာပါ၊ ဒီနေ့က စပြီးတော့ စည်းကမ်းထိန်းသိမ်းရေးအဖွဲ့နဲ့ ကိုဗစ်ကော်မတီ ပူးပေါင်းပြီး လိုက်ဝေပေးတာပါ”လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရာဇာအေးက ပြောပါတယ်။

မရှိဆင်းရဲသားတွေနဲ့ အခြေခံလူတန်းစားတွေကို Mask တွေ ပေးဝေရာမှာ တခါသုံး Mask တွေ ပေးဝေတာမဟုတ်ဘဲ အိမ်တွင်းမှုသင်တန်းကျောင်းကို မှာပြီး လျှော်ဖွပ်သုံးလို့ရနိုင်တဲ့ Mask တွေကို ၅ သိန်း ၃ သောင်းကျော်ဖိုး ပေးဝေခဲ့တာလို့ ဆိုပါတယ်။

တိုင်းအစိုးရအဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူက Mask မတပ်သူတွေကို ဒဏ်ကြေးတပ်လို့ ရရှိလာတဲ့ငွေတွေကို သက်ဆိုင်ရာ ခရိုင်အလိုက် အုပ်ချုပ်ရေးမှူးတွေက လိုအပ်သလို ဆောင်ရွက်သွားဖို့နဲ့ Mask တွေပြန်လည်ပေးဝေသွားဖို့ အစည်းဝေးတွေမှာ ညွှန်ကြားတယ်လို့ ပြောပါတယ်။



မင်းထက်မုန်း(ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013