DVB Logo
Home
မြန်မာသတင်း
ပုဒ်မ ၅၀၅ (က) ဖြင့်တရားစွဲထားသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို မအူပင်တွင် ပထမအကြိမ် ရုံးထုတ်
DVB
·
May 30, 2020
ပုဒ်မ ၅၀၅ (က) ဖြင့်တရားစွဲထားသည့် ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို မအူပင်တွင် ပထမအကြိမ် ရုံးထုတ်
1 / 2
Donate to DVB

ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်မှာ တပ်မတော်က ပုဒ်မ ၅၀၅ နဲ့ တရားစွဲဆိုထားတဲ့ ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ကို မအူပင်မြို့နယ်တရားရုံးမှာ  မေလ ၂၉ ရက်နေ့က ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ပါတယ်။

ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့က ကိုဇေယျာလွင်၊ ကိုပိုင်ရဲသူနဲ့ ကိုပိုင်ဖြိုးမင်း(ခ) ဒီရေတို့ကို တပ်မတော်က ဒုဗိုလ်မှူးကြီးအဆင့်ရှိသူက တရားစွဲဆိုခံတာဖြစ်ပြီး ပထမဆုံးအကြိမ် ရုံးထုတ် စစ်ဆေးမှုမှာ တရားစွဲဆိုထားသူ ခွင့်တိုင်ထားလို့ နောက်ရုံးချိန်မှာ ဆက်လက်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

တရားစွဲခံထားရသူ ကိုဇေယျာလွင်က "ကျနော်တို့ကို ရဲက စစ်ချက်ယူထားတာ အတော်ကြာပါပြီ၊ ၁ နှစ်ကျော်ကြာမှ ရုံးထုတ်တာ တော့ ထောင်ထဲမှာနေတာကြာအောင် ဆွဲဆန့်တယ်လို့ ယူဆပါတယ်။ ဒီနေ့မှ ရုတ်တရက် ထွက်လာရတာဆိုတော့ တရားရုံးမှာ ရှေ့နေငှားရမ်းဦးမှာတော့ မဟုတ်ဘူး၊ တရားရုံးနဲ့ ပူးပေါင်းမလား၊ မပူးပေါင်းမလားဆိုတာလည်း မပြောနိုင်သေးပါဘူး၊ နောက်လာမယ့် ရုံးချိန်မှ အသေးစိတ်ပြောနိုင်မယ် ထင်ပါတယ်" လို့ ရုံးထုတ်ချိန်မှာ ပြောဆိုခဲ့ပါတယ်။

ဧရာဝတီတိုင်းမှာ တရားစွဲဆိုခံရပြီး ပထမဆုံးအကြိမ် ရုံးထုတ်စစ်ဆေးခံခဲ့ရတဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ကို ဖျာပုံနဲ့ ဒေးဒရဲမြို့နယ်တို့မှာ ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ထားပြီး ပုသိမ်မြို့မှာ ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆ (ဃ)နဲ့ အမှုဖွင့်ထားခံရကာ ဇွန်လအတွင်း ရုံးထုတ် စစ်ဆေးတာတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။

ဒေါင်းတို့မျိုးဆက်သံချပ်အဖွဲ့ဟာ ၂၀၁၉ ခုနှစ် သင်္ကြန်ကာလအတွင်း ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းအတွင်းက မြို့နယ်တွေမှာ သံချပ်တွေလှည့်လည်ဖျော်ဖြေခဲ့တာနဲ့ပတ်သက်ပြီး နိုင်ငံတော် အကြည်ညိုပျက်စေမှုအပါအဝင် ဆက်သွယ်ရေးဥပဒေတွေနဲ့ တရားစွဲခံထားရတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013