DVB Logo
Home
မြန်မာသတင်း
အိန္ဒိယက ပြန်လာသူများထဲမှ ကိုဗစ်-၁၉ လူနာသစ် ၁၇ ဦးတွေ့ရှိ
DVB
·
May 30, 2020
အိန္ဒိယက ပြန်လာသူများထဲမှ ကိုဗစ်-၁၉ လူနာသစ် ၁၇ ဦးတွေ့ရှိ
1 / 3
Donate to DVB

ဓာတ်ခွဲနမူနာ  ၆၅၃ ခုအား ဒုတိယအသုတ်အဖြစ် စစ်ဆေးချက်အရ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် ၁‌၇ ဦးတွေ့ရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ဒီနေ့မနက် ၇ နာရီ ထုတ်ပြန်ပါတယ်။

ဒုတိယအသုတ်အဖြစ်  အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၄၉၈ ခု၊ ဆေးသုတေသနဦးစီးဌာနမှ ဓာတ်ခွဲနမူနာ ၁၀၁ ခုနဲ့ အမှတ် ၁ တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) မှ ဓာတ်ခွဲနမူနာ ၅၄ ခု၊ စုစုပေါင်း ၆၅၃ ခုအား ဒီနေ့မနက်အစောပိုင်း စစ်ဆေးပြီးစီးခဲ့ပြီး လူနာသစ် ၁၇ ဦး တွေ့ရှိခဲ့တာပါ။

ရောဂါပိုးတွေ့ရှိသူတဲ့ အိန္ဒိယက ပြန်လာသူ ၁၇ ဦးဟာ ရန်ကုန်တိုင်းအတွင်း မြို့နယ်အချို့က ဖြစ်ပြီး ကိုဗစ်-၁၉ အတည်ပြုလူနာတွေနဲ့ ထိတွေမှုမရှိခဲ့ဘဲ အသွားအလာကန့်သတ်ထားသူတွေလို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ဒီနေ့မနက် ၇ နာရီအထိ ကိုဗစ်-၁၉ ရောဂါ ဓာတ်ခွဲ အတည်ပြုလူနာ ၂၂၄ ဦး၊ သေဆုံးသူ ၆ ဦး၊ ဓာတ်ခွဲအတည်ပြုလူနာဟောင်းတွေရဲ့ ဓာတ်ခွဲနမူနာစစ်ဆေးမှု ၂ ကြိမ် ဆက်တိုက် ပိုးမတွေ့ရှိသူ စုစုပေါင်း ၁၃၀ ဦးရှိတယ်လို့ ကျန်းမာရေးဝန်ကြီးဌာက ထုတ်ပြန်ထားပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနက မနေ့ ည ၈ နာရီ ထုတ်ပြန်ချက်အရလည်း ဧရာဝတီတိုင်းဒေသကြီး၊ မော်လမြိုင်ကျွန်းမြို့နယ်နေ မလေးရှားက ပြန်လာတဲ့ အသက် ၄၄ နှစ်အရွယ် အမျိုးသား ၁ ဦးမှာ ကိုဗစ်-၁၉ ရောဂါဓာတ်ခွဲစမ်းသပ် စစ်ဆေးတွေ့ရှိရတယ်လို့ သိရပါတယ်။

မေ ၂၉ ရက်နေ့အတွက် အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) က ဓာတ်ခွဲနမူနာ ၉၆၇ ခု၊ ဆေးသုတေသနဦးစီးဌာနက ဓာတ်ခွဲနမူနာ ၁၀၁ ခုနဲ့ အမှတ် (၁) တပ်မတော် ဆေးရုံကြီး (ခုတင်-၁,၀၀၀) မှ ဓာတ်ခွဲနမူနာ ၁၄၆ ခု၊ စုစုပေါင်း ၁,၂၁၄ ခုအား စစ်ဆေးခဲ့တာဖြစ်ပြီး စုစုပေါင်း အတည်ပြုလူနာ ၁၈ ဦး ရှိခဲ့တာလည်း ဖြစ်ပါတယ်။



Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013