DVB Logo
Home
မြန်မာသတင်း
ရသေ့တောင်ရှိ သဇင်မြိုင်ရဲကင်းစခန်း တိုက်ခိုက်ခံရ၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် မိသားစုဝင် ၃ ဦးပျောက်ဆုံးနေ 
DVB
·
May 29, 2020
ရသေ့တောင်ရှိ သဇင်မြိုင်ရဲကင်းစခန်း တိုက်ခိုက်ခံရ၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးနှင့် မိသားစုဝင် ၃ ဦးပျောက်ဆုံးနေ 
Donate to DVB

ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့နယ်ရှိ သဇင်မြိုင်ရဲကင်းစခန်းကို အေအေတပ်ဖွဲ့က မေလ ၂၉ ရက်မနက်က  အင်အားအလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင် ၁၀ ဦးနဲ့ ကလေး ၁ ဦးအပါအဝင် မိသားစုဝင် ၃ ဦး ပျောက်ဆုံးနေတယ်လို့ တပ်မတော်က ထုတ်ပြန်ပါတယ်။

သဇင်မြိုင်ရဲကင်းစခန်းရှိ ပင်မစခန်းနေရာကို ဒီနေ့မနက် အစောပိုင်း ၂ နာရီလောက်က  အေအေလက်နက်ကိုင်အင်အား  ၁၀၀ လောက်က စခန်းရဲ့ အနောက်မြောက်ဘက်မှနေပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့လို့ ရဲတပ်ဖွဲ့ဝင်တွေက ပြန်လည်ခုခံတိုက်ခိုက်ခဲ့ ကြောင်း၊ မနက် ၅ နာရီလောက်မှာ  အင်အားချင်းမမျှလို့ ပင်ပစခန်းမှ ရဲတပ်ဖွဲ့ဝင်တချို့မှာ ကာကင်းကုန်းစခန်းသို့ သွားရောက်ပူးပေါင်းခဲ့ပြီး ရဲတပ်ဖွဲ့ဝင်တချို့ ပျောက်ဆုံးနေကြောင်း သတင်းမှာ ဖော်ပြပါတယ်။

အဆိုပါ ရဲကင်းစခန်းနေရာကို မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ တပ်မတော်စစ်ကြောင်းတွေက စစ်ကူပေးနိုင်ရေး သွားရောက် ပူးပေါင်းဆောင်ရွက်နေတယ်လို့လည်းဆိုပါတယ်။

သဇင်မြိုင်ကျေးရွာအနီးရှိ အင်အား ၁၆ ဦးလောက်ရှိတဲ့ နယ်ခြားစောင့်စခန်းတစ်ခု မေလ ၂၉ ရက် မနက် ၂ နာရီ ၁၅ မိနစ်လောက်က တိုက်ခိုက်ခံခဲ့ရတာဖြစ်တယ်လို့ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးကလည်း ဒီဗွီဘီကို ပြောပါတယ်။

"ဖြစ်စဉ်ကတော့ မှန်ပါတယ်။ ဘယ်လောက်ကျတယ်။ ဘယ်လောက်ပျောက်နေတယ်ဆိုတဲ့ အတိအကျအချက်အလက်တွေ မရသေးဘူဗျ။ ရဲမှူးကြီးကတဆင့် ကျနော့်ဆီ တင်ပြလာတာ မရှိသေးဘူး။ သူ့ကိုမေးရင် ပိုကောင်းမယ်။ တိုက်တာက အေအေပေါ့ဗျာ။ ဒီဘက်မှာ အေအေ ပဲ ရှိတာကို"လို့ ရသေ့တောင်မြို့နယ် အုပ်ချုပ်ရေးမှူးဦးအောင်မြင့်သိန်းက ပြောပါတယ်။

သဇင်မြိုင်ရဲကင်းကို အေအေအဖွဲ့က ဒီနေ့ မနက် ၂ နာရီ ၁၅ မိနစ်မှာ စခန်းရဲ့ အနောက်မြောက်ဘက်မှ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ လာရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး တချို့ကျဆုံးတာရှိပြီး တချို့ ဖမ်းဆီးခေါ်ဆောင်ခံရကာ၊ တချို့မှာပျောက်ဆုံးနေတဲ့ အပြင် လက်နက်ခဲယမ်းတွေပါ သိမ်းဆည်းခံခဲ့ရပြီး စခန်းမှာ မီးလောင်ပျက်စီးသွားတယ်လို့ အမည်မဖော်လို့တဲ့ ရဲအရာရှိတဦးက ပြောပါတယ်။

သဇင်မြိုင်(နတလ)ကျေးရွာဟာ ရသေ့တောင်မြို့နယ် အငူမော်ဆိပ်ကမ်းနဲ့ ဘူးသီးတောင်မြို့သို့ သွားရာလမ်းမှာတည်ရှိနေပြီး အငူမော်မှ မိုင် ၄၀ ခန့်ကွာဝေးကာ အိမ်ခြေ ၅၀ ခန့်ရှိတဲ့ ကျေးရွာတခုဖြစ်ပြီး ကျေးရွာသင်္ချိုင်းအနီးရှိ နယ်ခြားစောင်းစခန်း တိုက်ခိုက်ခံခဲ့ရတာ ဖြစ်ပါတယ်။

အဆိုပါ တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး အေအေလက်နက်ကိုင်အဖွဲ့ဘက်ကတော့ ထုတ်ပြန်တာ မတွေ့ရသေးပါဘူး။  

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂ ရက်နေ့ကလည်း စေတီပြင်ရဲစခန်းမှ လစာသွားထုတ်ပြီး ပြန်လာတဲ့ ရဲတပ်ဖွဲ့ဝင်တွေ အေအေအဖွဲ့ရဲ့ တိုက်ခိုက်မှုခံခဲ့ရပါတယ်။

၀၁၉ ခုနှစ် ဇန်နဝါရီ ၄ ရက်ကလည်း  ဘူးသီးတောင်မြို့နယ်ရှိ ကထီးလှ၊ ငမြင်းဘော်၊ ဂုပ္ပိနဲ့ ကျောက်တောင်ရဲကင်းစခန်း ၄ ခု၊ မတ်လ ၉  ရက်မှာ ပုဏ္ဏားကျွန်းမြို့နယ်ရှိ ယိုးတရုတ်ရဲကင်းစခန်းတခု၊ ဧပြီ ၁၀ ရက်မှာ မြောက်ဉီးမြို့ရှိ ရဲတပ်ရင်းဌာနချုပ်၊ ဇူလိုင် ၁၆ ရက်မှာ ဘူးသီးတောင်မြို့နယ်ရှိ ညောင်ချောင်းနယ်မြေရဲကင်းစခန်းတို အသီးသီး တိုက်ခိုက်ခဲ့ရပြီး ရဲတပ်ဖွဲ့ဝင် ၂၅ ဦး ကျဆုံးခဲ့ခဲ့သလို  ၁၆ ဦး  ဒဏ်ရာရရှိခဲ့ကာ ရဲတပ်ဖွဲ့ဝင်တချို့ နဲ့ မိသားစုဝင်တချို့ ဖမ်းဆီးခံခဲ့ရတယ်လို့ တပ်မတော် ထုတ်ပြန်ချက်အရ သိရပါတယ်။

သတင်း - လင်းလက်၊ ဓာတ်ပုံ - တပ်မတော်သတင်းမှန်ပြန်ကြားရေး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013