DVB Logo
Home
မြန်မာသတင်း
မိတ္ထီလာတွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၃ ဦးကို ထောင်ဒဏ် ၁ လစီချ
DVB
·
May 29, 2020
မိတ္ထီလာတွင် ညမထွက်ရအမိန့် ဖောက်ဖျက်သူ ၃ ဦးကို ထောင်ဒဏ် ၁ လစီချ
Donate to DVB

မန္တလေးတိုင်း၊ မိတ္ထီလာမြို့မှာ ကိုဗစ်၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ဖို့ ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့် ဖောက်ဖျက်ပြီး သွားလာနေသူ ၃ ဦးကို ထောင် ၁ လစီ ချမှတ်လိုက်တယ်လို့ မိတ္ထီလာအမှတ် ၃ ရဲစခန်း တာဝန်ကျ ရဲအရာရှိက ပြောပါတယ်။

"လှည့်ကင်း ပတ်ကင်း လှည့်နေတုန်း တွေ့တာပါ။ ၁ ဦးက ဝမ်းတွင်းမြို့နယ် ကျောင်းကုန်းရွာမှာနေတယ်၊ ၂ ဦးကတော့ လာရှိူးမြို့မှာ နေတယ်။ ပြည်သာယာထဲမှာ နေတဲ့ သူငယ်ချင်းကို လာရှာတာတဲ့၊ မလှိူင်ဘက်မှာ ကန်စွန်းဥ စိုက်မလို့ လာကြတာလို့ ပြောတယ်။ ညမထွက်ရအမိန့် ဖောက်ဖျက်တာကြောင့် မြို့နယ်တရားရုံး ဦးတိုက်လျှောက်ထားပြီး တရားစွဲပါတယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

ဝမ်းတွင်းမြို့နယ် ကျောင်းကုန်းရွာနေ ကိုအောင်ဇော်လင်း၊ လာရှိူးမြို့ အမှတ် ၈ ရပ်ကွက်နေ ရန်စီလျှို နဲ့ ညီဖြစ်သူလျှိုရှင့် တို့ ၃ ဦးအား မေလ ၂၇ ရက်မနက် ၂ နာရီမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ ရဲတပ်ဖွဲ့တို့ လှည့်ကင်းပတ်နေတုန်း တွေ့ခဲ့တာပါ။

မိတ္ထီလာအမှတ် ၃ ရဲစခန်းက သူတို့ ၃ ဦးကို ပြည်သူ့ဝန်ထမ်းမှ နည်းလမ်းတကျ ထုတ်ပြန်ထားသောအမိန့်အား ဖီဆန်ဖောက်ဖျက်မှု ရာဇသတ်ကြီးပုဒ်မ ၁၈၈ နဲ့ အလုပ်မဲ့ ထောင် ၁ လစီ ချမှတ်ခဲ့ပါတယ်။

သတင်း-မောင်မောင်လင်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013