DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် ယခုနှစ်အတွင်း ကမ်းပြိုဘေး ၁၆ ကြိမ်ဖြစ်၊ နေအိမ် ၁၉၀ ကျော်ရွှေ့ပြောင်း
DVB
·
May 29, 2020
မကွေးတိုင်းတွင် ယခုနှစ်အတွင်း ကမ်းပြိုဘေး ၁၆ ကြိမ်ဖြစ်၊ နေအိမ် ၁၉၀ ကျော်ရွှေ့ပြောင်း
1 / 10
Donate to DVB

မကွေးတိုင်းမှာ အခုနှစ်အတွင်း ကမ်းပြိုဘေး ၁၆ ကြိမ်ဖြစ်ပွားပြီး နေအိမ် ၁၉၀ ကျော် ရွှေ့ပြောင်းပေးခဲ့တယ်လို့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက ပြောပါတယ်။

မကွေးတိုင်းဒေသကြီး ဘေးအန္တရာယ်ဆိုင်ရာစီမံခန်ခွဲမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမြင့်စိုးက "ကမ်းပြိုဘေးဖြစ်ပွားခဲ့လို့ အိမ်ထောင်စု ၁၉၃ စု နဲ့ ဘာသာရေးအဆောက်ဦ ၁ လုံး ရွှေ့ပြောင်းပေးခဲ့ရပြီး လူဦးရေ ၇၆၀ ကျော် ဘေးသင့်ခဲ့ပါတယ်။ နေအိမ်တွေနဲ့ ဘာသာရေးအဆောက်ဦတွေကို ကမ်းပါးပြိုကျမှု မဖြစ်ပွားနိုင်တဲ့ နေရာတွေကို ရွှေ့ပြောင်းပေးခဲ့တာပါ။” လို့ ပြောပါတယ်။

ကမ်းပြိုဘေးသင့်ပြည်သူတွေအတွက် ဆန်ဖိုးငွေ ကျပ် ၁၂ သိန်းလောက်၊ အိမ်ဆောက်ပစ္စည်းဖိုး ၁၇၅ သိန်းကျပ် စုစုပေါင်း ၁၈၇ သိန်းဖိုးလောက် ထောက်ပံ့ပေးခဲ့တယ်လို့ ဆိုပါတယ်။

မကွေးတိုင်းအတွင်း ရေစကြို၊ ပခုက္ကူ၊ ရေနံချောင်းမြို့နယ်ရှိ ဧရာဝတီမြစ်ကမ်းနံဘေးက ကျေးရွာတွေမှာ နှစ်စဉ် ကမ်းပြိုမှုအဖြစ်များပြီး ပွင့်ဖြူ၊ စလင်းမြို့နယ်တွေမှာလည်း ကမ်းပါးပြိုကျတာတွေ ဖြစ်ပွားတယ်လို့ ဘေးန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနက သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013