DVB Logo
Home
မြန်မာသတင်း
ကြိုဆိုရေးယာဉ် စီစဉ်မပေးသည့် ပြည်နယ်နှင့်တိုင်းအသီးသီးက နေရပ်ပြန်များ ယာဉ်စီးခပေးရမည်
DVB
·
May 29, 2020
ကြိုဆိုရေးယာဉ် စီစဉ်မပေးသည့် ပြည်နယ်နှင့်တိုင်းအသီးသီးက နေရပ်ပြန်များ ယာဉ်စီးခပေးရမည်
Donate to DVB

ပြည်နယ် တိုင်းအသီးသီးက ကြိုဆိုရေးယာဉ်စီစဉ်မပေးတဲ့ နေရပ်ပြန်တွေ ယာဉ်စီးခ ​ပေးချေရမယ်လို့ ကရင်ပြည်နယ် မြဝတီခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်၊ ကုသရေး ခရိုင်အဆင့်ကော်မတီ ဥက္ကဋ္ဌ ဦးတေဇာအောင်က မေ ၂၈ ရက်မှာ ပြောပါတယ်။

သက်ဆိုင်ရာတိုင်း​နဲ့ ပြည်နယ်အသီးသီးက မော်တော်ယာဉ်တွေ လွှတ်ပေးနိုင်ခြင်းမရှိတဲ့အပြင် စီမံမှု မစောင့်ဆိုင်းနိုင်သူတွေအနေနဲ့ ယာဉ်စီးခကို ​ဒေသအလိုက် ပေးချေရတော့မှာဖြစ်ပြီး လုံခြုံစိတ်ချစွာ သွားလာနိုင်ဖို့ အသက်သာဆုံး စျေးနှုန်းနဲ့ စီမံဆောင်ရွက်ပေးထားတယ်လို့ ဆိုပါတယ်။

ဦးတေဇာအောင်က "ခရီးသွားလာလို့ရအောင် စီမံပေးနေတယ်။ ဆိုလိုတာက ကားတွေအသင့် ဖြစ်အောင်၊ စီးရတဲ့လူလည်း စျေးနှုန်းသက်သာနဲ့ စီးနိုင်အောင်၊ လုံခြုံစိတ်ချစွာ သွားနိုင်အောင် ကျနော်တို့စီမံပေးနေတယ်" လို့ ပြောပါတယ်။

တရားဝင် ပြန်လည်ဝင်ရောက်လာသူတွေအနေနဲ့ ထိုင်းနိုင်ငံ (မောချစ်ကားဂိတ်) မှ မဲဆောက်မြို့အထိ ယာဉ်စီးခ ၁ ဦးကို ထိုင်းဘတ် ၁၀၀၀ ကျော် ပေးသွင်းရတယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်တဲ့ မွန်၊ ပဲခူး၊ မကွေး၊ စစ်ကိုင်းနဲ့ မန္တလေးတိုင်းဒေသကြီးတွေက ရွှေ့ပြောင်းအလုပ်သမားတွေကို သက်ဆိုင်ရာ​​ဒေသတွေမှာ ဖွင့်လှစ်ထားတဲ့ Quarantine စခန်းတွေကို လွှဲပြောင်းပေးနေတာပါ။

ပြန်လည်ဝင်ရောက်လာသူတွေကို ကိုယ်ပူချိန်တိုင်းတာ၊ Thermal Scan စက်တွေနဲ့ စစ်ဆေးတာ၊ နှာခေါင်း၊ အာခေါင်တို့ဖတ် ဓာတ်ခွဲနမူနာယူတာတွေ၊ Quarantine စခန်းတွေမှာ ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ချက်အတိုင်း စောင့်ကြပ်ကြည့်ရှုမှုတွေ ဆောင်ရွက်သွားမှာပါ။

ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013