DVB Logo
Home
မြန်မာသတင်း
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်ကရုပ်သိမ်းရန် ကြံ့ခိုင်ရေးပါတီ အရေးကြီးအဆိုတင်
DVB
·
May 28, 2020
ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်ကရုပ်သိမ်းရန် ကြံ့ခိုင်ရေးပါတီ အရေးကြီးအဆိုတင်
Donate to DVB

ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးတီခွန်မြတ်ကို တာဝန်မှရုပ်သိမ်းဖို့  ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ မိုင်းပျဉ်းမဲဆန္ဒနယ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းထွန်းစိန်က မေလ ၂၈ ရက်မနက် ပြည်သူ့လွှတ်တော်အစည်းအဝေးမှာ  အရေးကြီးအဆိုတစ်ရပ် တင်သွင်းလိုက်ပါတယ်။

ပြည်သူ့လွှတ်တော်ဆိုင်ရာဥပဒေတွေကို မလိုက်နာခဲ့ဖူးဆိုတဲ့ စွပ်စွဲချက်တွေနဲ့ တာဝန်ကနေ  ရုပ်သိမ်းဖို့ အရေးကြီးအဆို တင်သွင်းတာဖြစ်ပြီး ဒီအရေးကြီးအဆိုကို လွှတ်တော်ကိုယ်စားလှယ် ၁၁၀ ဦးက  ထောက်ခံလက်မှတ်ရေးထိုး  တင်သွင်းလိုက်တာဖြစ်ပါတယ်။

ပြည်သူ့လွှတ်တော်ဥပဒေ နည်းဥပဒေတွေအရ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌကို တာဝန်ကနေ ရုပ်သိမ်းဖို့အတွက် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် သုံးပုံနှစ်ပုံရဲ့ ထောက်ခံမဲရဖို့ လိုပါတယ်။

အရေးကြီးအဆိုနဲ့ ပတ်သက်ပြီး ဆွေးနွေးလိုတဲ့  ကိုယ်စားလှယ်တွေဟာ မေလ ၂၉ ရက် ညနေ ၄ နာရီထက် နောက်မကျဘဲ ပြည်သူ့လွှတ်တော်ရုံး ညွှန်ကြားရေးမှူးချုပ်ထံ အမည်စာရင်း တင်သွင်းရမှာပါ။

နိုင်ငံတော်၏ ကျေးဇူးသစ္စာကို ဖောက်ဖျက်ခြင်း၊ ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်တွေ ကို ဖောက်ဖျက်ကျူးလွန်ခြင်း၊ အကျင့်သိက္ခာ ပျက်ပြားခြင်း၊ ဥပဒေအရပေးအပ်သော တာဝန်တွေကို ကျေပွန်စွာမဆောင်ရွက်ခြင်းစတဲ့ အချက်တွေကို ကျူးလွန်ပါက သတ်မှတ်ထားတဲ့ နည်းလမ်းတွေနဲ့အညီ လွှတ်တော် ဥက္ကဋ္ဌ သို့မဟုတ် ဒုဥက္ကဋ္ဌ သို့မဟုတ် နှစ်ဦးစလုံးကို တာဝန်မှ ရုတ်သိမ်းနိုင်ကြောင်း ပြဋ္ဌာန်းထားတာဖြစ်ပါတယ်။

ဦးတီခွန်မြတ်ဟာ ၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ ကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်အဖြစ် ကွတ်ခိုင်မဲဆန္ဒနယ်ကနေ ရွေးချယ်ခံခဲ့ရပြီးနောက်  သူရဦးရွေမန်းနဲ့အတူ ကြံ့ခိုင်ရေးပါတီကနေ ထုတ်ပယ်ခံခဲ့ရပါတယ်။

သူဟာ လက်ရှိ ၂၀၀၈ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲစဉ်တုန်းက ကော်မရှင်ဝင်တဦးအဖြစ် ပါဝင်ခဲ့သူလည်းဖြစ်ပါတယ်။ အန်အယ်လ်ဒီ အစိုးရလက်ထက်မှာ ပြည်သူ့လွတ်တော် ဒုဥက္ကဋ္ဌ အဖြစ် ခန့်အပ်ခံခဲ့ရပြီး ၂၀၁၈ မတ်လ ၂၂ ရက်မှာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဖြစ်လာခဲ့တာပါ။

ပြီးခဲ့တဲ့ မတ်လအတွင်းက ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက် လွှတ်တော်တွင်းမှာ အကြိတ်အနယ်ဆွေးနွေး မဲခွဲဆုံးဖြတ်နေချိန် ဦးတီခွန်မြတ်ရဲ့ မဲဆန္ဒနယ် ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်မှာ ငွေကျပ် ဘီလီယံနဲ့ချီတဲ့  မူးယစ်ဆေးဝါးတွေကို တပ်မတော်က  ဖမ်းဆီးရမိခဲ့သလို ကောင်းခါး ပြည်သူ့စစ်အဖွဲ့တွေလည်း လက်နက်ချခဲ့တာရှိပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013