DVB Logo
Home
မြန်မာသတင်း
ပုသိမ်မြို့ Quarantine Center များတွင် ရောဂါကာကွယ်ရေးပစ္စည်းများ လိုအပ်နေ
DVB
·
May 28, 2020
ပုသိမ်မြို့ Quarantine Center များတွင် ရောဂါကာကွယ်ရေးပစ္စည်းများ လိုအပ်နေ
Donate to DVB

ပုသိမ်မြို့က ပြည်ပနိုင်ငံတွေက ပြန်လာသူတွေကို အသွားအလာကန့်သတ်စောင့်ကြည့်တဲ့ Facility Quarantine Center တွေမှာ မေလ နောက်ဆုံးပတ်အတွင်း ထိုင်းနိုင်ငံက ပြန်ဝင်လာသူတွေ များလာတဲ့အတွက် ကျန်းမာရေး အကာကွယ်ပစ္စည်းတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

ပုသိမ်မြို့က ပုသိမ်တက္ကသိုလ်၊ ပုသိမ်နည်းပညာတက္ကသိုလ်နဲ့ ပုသိမ်ပညာရေးကောလိပ် အတွင်းက အဆောင်တွေမှာ ပြည်ပနိုင်ငံတွေက ပြန်လာတဲ့သူတွေကို အသွားအလာကန့်သတ် စောင့်ကြည့်ဖို့ Facility Quarantine Center တွေဖွင့်လှစ်ထားပြီး မေလ ၂၇ ရက်နေ့အထိ Quarantine ဝင်နေသူ ၃၂၅ ဦးထိ ရှိလာတဲ့အတွက် ကျန်းမာရေးအကာကွယ်ပစ္စည်းတွေ အရေးပေါ်လိုအပ်လာတာလို့ စေတနာ့ဝန်ထမ်း ကိုကျော်ကျော်မင်းက (Pathein Volunteer Teem) DVB ကို ပြောပါတယ်။

"အဓိက ကြိုတင်သတင်းပေးတာမရှိဘဲ လူဦးရေများများ ရောက်လာလို့ ပစ္စည်းတွေ မလောက်တော့တာ၊ ပုံမှန်အတိုင်းဆို အားလုံးက အဆင်ပြေပါတယ်၊ ခုက Surgical Mask တွေ၊ ပိတ်စ Mask တွေက မလောက်တော့ဘူး၊ အဲ့တာကြောင့် အလှူခံတာတွေနဲ့ အကူညီတောင်းခံတာ တွေလည်း ပြုလုပ်နေပါတယ်။"

စောင့်ကြည့်တဲ့ စင်တာတွေမှာ လိုအပ်တာ မှာတာတွေအတွက် ၁ နေ့ကို အနည်းဆုံး ၃ ကြိမ် သွားရောက်ရပြီး Mask အခု ၅၀ ပါ ၁ ဘူးလောက် နေ့စဉ်အသုံးပြုနေရတာကြောင့် ရောဂါ ကာကွယ်ရေးပစ္စည်းတွေ လိုအပ်ချက်ရှိနေတာ တာဝန်ရှိတဲ့သူတွေကို တင်ပြထားတယ်လို့ ဆိုပါတယ္။

ပြည်ပနိုင်ငံတွေက ပြန်လာသူတွေကို ထားရှိတဲ့ ပုသိမ်တက္ကသိုလ်အတွင်းက နန္ဒဆောင်နဲ့ တေဇ အဆောင်မှာ ၈၈ ဦး၊ ပုသိမ်ပညာရေးကောလိပ်မှာ ၁၃၆ ဦးနဲ့ ပုသိမ်နည်းပညာကောလိပ်မှာ ၉၁ ဦး စတဲ့ ပြည်ပနိုင်ငံက ပြန်လာသူတွေနဲ့ စေတနာ့ဝန်ထမ်းတွေအတွက် ရောဂါကာကွယ်ရေး ပစ္စည်းတွေ လိုအပ်နေတာလို့ ဆိုပါတယ်။

ပြည်ပနိုင်ငံတွေက ပြန်လာသူတွေကို စောင့်ကြည့်တဲ့ အဆောင်တွေ ဝင်ရောက်တဲ့အခါ အသုံး ပြုဖို့အတွက် ရောဂါကာကွယ်ရေးပစ္စည်းတွေကို ကျန်းမာရေးဦးစီးဌာနက ထုတ်ပေးထားပြီး ပြည်ပနိုင်ငံက ပြန်လာသူတွေ များလာတဲ့အတွက် လက်ရှိအချိန်မှာ အနည်းငယ်သာရှိတော့လို့ အလှူရှင်တွေကို လှူဒါန်းပေးဖို့အတွက် ဖိတ်ခေါ်တာမျိုးတွေလည်း ရှိနေပါတယ်။

ဧရာဝတီတိုင်းမှာ ထိုင်း၊ မလေးရှားနဲ့ တရုတ်နိုင်ငံက ပြန်လာသူ ၇၀၀ ကျော်အထိ ရှိနိုင်ပြီး အစိုးရအဖွဲ့ရဲ့ အစီစဉ်နဲ့ ရန်ကုန်ဘူတာကြီး၊ မြဝတီနဲ့ နယ်စပ်ဂိတ်တို့မှာ သွားရောက်ခေါ်ဆောင်ပြီး မေလ ၁၅ ရက်နေ့အထိ ပြန်လည်ရောက်ရှိလာသူတွေကို သက်ဆိုင်ရာ မြို့နယ်အလိုက်မှာရှိတဲ့ Facility Quarantine Center တွေကို လွှဲပြောင်းပေးခဲ့ပြီး ၁၅ ရက်နေ့ နောက်ပိုင်းရောက်ရှိလာသူတွေကိုတော့ ပုသိမ်မြို့က Facility Quarantine Center တွေမှာပဲ အသွားအလာကန့်သတ်စောင့်ကြည့်တာတွေ ပြုလုပ်ထားတာပါ။

မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013