DVB Logo
Home
မြန်မာသတင်း
ကပ်ဘေးကာလ အလုပ်သမား ၂၆၀၀၀ ကျော်အတွက် လူမှုဖူလုံရေးခံစားခွင့် ထုတ်ပေးပြီးဖြစ်
DVB
·
May 27, 2020
ကပ်ဘေးကာလ အလုပ်သမား ၂၆၀၀၀ ကျော်အတွက် လူမှုဖူလုံရေးခံစားခွင့် ထုတ်ပေးပြီးဖြစ်
Donate to DVB

ကိုဗစ်ကပ်ဘေးကာလ အလုပ်ပိတ်ခဲ့ရတဲ့အတွက် လူမှုဖူလုံရေးရဲ့ ၄၀ ရာခိုင်နှုန်း အကျိုးခံစားခွင့်ငွေတောင်းခံတဲ့ စက်ရုံ အလုပ်ရုံတွေထဲမှာ စက်ရုံပေါင်း ၁၅၆ ရုံက အလုပ်သမား ၂၆၃၀၅ ဦးအတွက် မေ ၂၅ ရက်နေ့အထိ အကျိုးခံစားခွင့်ငွေကျပ်သိန်း ၅၆၀၀ နီးပါးကို ခွင့်ပြုထုတ်ပေးထားပြီးဖြစ်တယ်လို့ လူမှုဖူလုံရေးအဖွဲ့ကသိရပါတယ်။

လူမှုဖူလုံရေးအဖွဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်အေးက “Online ကလျှောက်ထားတဲ့ တောင်းခံလွှာတွေရော၊ မြို့နယ်ရုံးခွဲတွေက တဆင့် လျှောက်ထားတဲ့ တောင်းခံလွှာတွေရော အကုန်လုံးကို စိစစ်ခွင့်ပြုရေး ဘုတ်အဖွဲ့နဲ့ စိစစ်ခွင့်ပြုပေးနေတာပါ။ စိစစ်ခွင့်ပြုပြီးတဲ့ အရေအတွက်က မေလ ၂၄ ရက်နေ့အထိ စက်ရုံ၊ အလုပ်ရုံ၊ အလုပ်ဌာန ၁၅၆ ဌာနက အာမခံအလုပ်သမား ၂၆,၃၀၅ ဦး အတွက် ငွေကျပ် (၅၅၉,၄၃၅,၈၀၅/၆၉) ခွင့်ပြုထုတ်ပေးခဲ့ပြီး ကျန်ရှိနေတာတွေကိုလည်း ဆက်လက်ထုတ်ပေးဖို့ စိစစ်ဆောင်ရွက်နေပါတယ်” လို့ ပြောပါတယ်။

မြန်မာနိုင်ငံမှာ လူမှုဖူလုံရေးအာမခံလုပ်သားပေါင်း ၁ ဒသမ ၅ သန်းလောက်ရှိနေတာပါ။ လက်ရှိထုတ်ပေးပြီးတဲ့ အရေအတွက်က အလွန်နည်းနေသေးပြီး အလုပ်သမားအတော်များများ မရရှိသေးတဲ့ အခြေအနေပါ။

ဒီအကျိုးခံစားခွင့်ငွေက အလုပ်သမားတွေအတွက် လောက်ငဖူလုံတဲ့ ငွေကြေး မဖြစ်တဲ့အပြင် စိစစ်ချက်တွေများလွန်းပြီး အကျိုးခံစားခွင့်ရရှိမှု ကြန့်ကြာနေတဲ့အပေါ် လူမှုဖူလုံရေးကပေးတဲ့ အကျိုးခံစားခွင့်ထက် အီးယူက အလုပ်သမားတွေအတွက် ထောက်ပံ့ပေးတဲ့ အစီအစဉ်က ပိုမို မြန်ဆန်တယ်လို့ အလုပ်သမားတွေက ပြောဆိုတာတွေလည်း ရှိနေပါတယ်။

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကာလဖြစ်တဲ့အတွက် စက်ရုံအလုပ်ရုံ၊ အလုပ်ဌာနတွေကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်နဲ့ ကိုက်ညီမညီစစ်ဆေးပြီးမှ ဖွင့်ခွင့်ပေးနေတာပါ။

အဲ့လိုစစ်ဆေးမှုကို လက်ရှိမှာ မြို့နယ်အဆင့် ကိုဗစ်-၁၉ ရောဂါ အရေးပေါ်တုံ့ပြန်ရေးကော်မတီတွေကနေ ဆက်လက်စစ်ဆေးဖို့ ညွှန်ကြားထားတာပါ။

ဇာခြည်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013