DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းက စာသင်ကျောင်းများတွင် ဖွင့်လှစ်ထားသည့် Quarantine စခန်း ၉၀၀ ကျော် ဇွန်လ ၁၅ ရက်အပြီး ပြန်အပ်ရမည်
DVB
·
May 27, 2020
ဧရာဝတီတိုင်းက စာသင်ကျောင်းများတွင် ဖွင့်လှစ်ထားသည့် Quarantine စခန်း ၉၀၀ ကျော် ဇွန်လ ၁၅ ရက်အပြီး ပြန်အပ်ရမည်
Donate to DVB

ဧရာဝတီတိုင်းအတွင်းရှိ စာသင်ကျောင်း ၉၀၀ ကျော်မှာ ဖွင့်လှစ်ထားတဲ့ Quarantine Center တွေမှာ ကျောင်းတွေ ပြန်လည်ဖွင့်လှစ်ဖို့ ပြင်ဆင်တဲ့ လုပ်ငန်းတွေဆောင်ရွက်ဖို့အတွက် ဇွန်လ ၁၅ ရက်နေ့ နောက်ဆုံးထားပြီး ပြန်အပ်ရမှာဖြစ်တယ်လို့ တိုင်းပညာရေးမှူးရုံးက တာဝန်ရှိသူက ပြောပါတယ်။

တိုင်းအတွင်းက စာသင်ကျောင်း ၉၂၉ ကျောင်းမှာ Quarantine Center ဖွင့်လှစ်ထားပြီး လက်ရှိမှာ လူပေါင်း  ၆၅၃၄ ဦးကို အသွားအလာကန့်သတ် စောင့်ကြပ်ထားရှိတာပါ။ 

လာမယ့်ဇူလိုင်လမှာ စာသင်ကျောင်းတွေပြန်လည်ဖွင့်လှစ်တော့မှာမလို့ ဇွန်လ ၁၅ ရက်နေ့မတိုင်မီ ပြန်အပ်ရမှာဖြစ်တယ်လို့ တိုင်းပညာရေးမှူးရုံးက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက ဒီဗွီဘီကိုပြောပါတယ်။

“ကျောင်းတွေပြန်ဖွင့်ဖို့  ပြင်ဆင်တဲ့လုပ်ငန်းတွေဆောင်ရွက်နေပြီမလို့ မြို့နယ်ကိုဗစ်ကော်မတီနဲ့ ပူပေါင်းပြီး ပိုးသတ်ဆေးဖျန်းတာတွေပြုလုပ်သွားမယ် ဇွန်လ ၁၅ ရက်နေ့မှာ ကျနော်တို့ ပညာရေးဌာနကို အပြီးလွှဲပြောင်းပြီးတော့ အပ်ပေးရမှာဖြစ်ပါတယ်”

လက်ရှိ Quarantine Center ၉၀၀ ကျော်မှာ ပညာရေးဝန်ထမ်း ဆရာ ဆရာမတွေနဲ့ စေတနာ့ဝန်ထမ်းအဖြစ်လုပ်ကိုင်ဆောင်ရွက်ပေးနေတဲ့ ဝန်ထမ်း ၆၇၀ နီးပါးရှိပြီး Quarantine ဝင်နေရသူတွေရဲ့ လိုအပ်တဲ့ကိစ္စတွေကို ကူညီလုပ်ကိုင်ပေးနေတာဖြစ်ပါတယ်။

တိုင်းအတွင်းက Quarantine မပြုလုပ်တဲ့ကျောင်းတွေကိုတော့ ကျောင်းတွင်း ကျောင်းပြင် သန့်ရှင်းရေး စတင်ပြုလုပ်နေပြီး ကလေးတွေအတွက် ကျန်းမာရေးနဲ့ ညီညွတ်ပြီး လုံခြုံ စိတ်ချရအောင် ပြင်ဆင်ပြီးမှာ ကျောင်းတွေပြန်ဖွင့်မယ်လို့ တိုင်းပညာရေးမှူးရုံးက ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးကျော်ဝင်းက ဒီဗွီဘီကိုပြောပါတယ်။

“ခုလောလောဆယ်တော့ Quarantine မလုပ်တဲ့ကျောင်းတွေကို သန့်ရှင်းရေးလုပ်နေပါပြီ၊ Quarantine လုပ်ထားတဲ့ကျောင်းတွေကို ပိုးသတ်သန့်စင်ပြီးမှ ကလေးအတွက် ကျန်းမာရေးနဲ့ ညီညွတ်အောင် လုံခြုံစိတ်ချရအောင်ဆောင်ရွက်ပြီးမှ ကျောင်းတွေကိုလက်ခံမှာဖြစ်ပါတယ်၊ ပိုးမသတ်ရသေးရင်တော့ သန့်စင်တဲ့ကျောင်း လုံခြုစိတ်ချရတဲ့ကျောင်းအဖြစ် သတ်မှတ်မှာ မဟုတ်ပါဘူး”

တိုင်းအတွင်းက စာသင်ကျောင်းတွေနဲ့ တက္ကသိုလ်တွေမှာ ပြည်ပနိုင်ငံတွေကပြန်လာ သူတွေနဲ့ ရန်ကုန်တိုင်းအတွင်းက Lockdown ချထားခံရတဲ့ မြို့နယ်တွေက လာသူတွေကို စောင့်ကြည့်ဖို့အတွက် ဧပြီလကစပြီး Quarantine Center တွေအဖြစ် အသုံးပြုခဲ့တာပါ။

ဧရာဝတီတိုင်းမှာ အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့် စာသင်ကျောင်းပေါင်း ၇၂၆၁ ကျောင်းရှိတဲ့အနက် စာသင်ကျောင်းပေါင်း ၉၂၉ ကျောင်းကို Quarantine Center အဖြစ်ပြုလုပ်ထားတာဖြစ်ပါတယ်။

သတင်း- မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013