DVB Logo
Home
မြန်မာသတင်း
ဖားကန့်တွင် ကျပ်သိန်း ၇၆၀၀ တန်ဖိုးရှိ  မူးယစ်ဆေးများနှင့် လက်နက်ခဲယမ်းအချို့ ဖမ်းမိ 
DVB
·
May 26, 2020
ဖားကန့်တွင် ကျပ်သိန်း ၇၆၀၀ တန်ဖိုးရှိ  မူးယစ်ဆေးများနှင့် လက်နက်ခဲယမ်းအချို့ ဖမ်းမိ 
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာ ရပ်ကွက် ၃ ရှိ  ဦးဇော်ဆိုင်းရဲ့ နေအိမ်ကနေ  မေလ ၂၄ ရက် မနက်က ငွေကျပ်သိန်း ၇၆၀၀ တန်ဖိုးရှိ မူးယစ်ဆေးမျိုးစုံနဲ့ လက်နက်တချို့ ဖမ်းဆီးရမိခဲ့တယ်လို့ ဖားကန့်ရဲစခန်းက သိရပါတယ်။ 

ဖားကန့်ရဲစခန်းမှာ မူးယစ်တရားခံတဦးဖြစ်တဲ့ အားဝိန်းဆိုသူကို စစ်ဆေးချက်အရ ဦးဇော်ဆိုင်းရဲ့ နေအိမ်မှာ မူးယစ်ဆေးတွေ ကျန်ရှိနေသေးကြောင်းသတင်းအရ  ဖားကန့်မြို့မ ရဲစခန်းက ရဲတပ်ဖွဲ့ဝင်တွေက သက်သေတွေနဲ့ အတူ သွားရောက်ရှာဖွေခဲ့ကြတာပါ။

ရှာဖွေရာမှာ နေအိမ်အောက်ထပ်မှာ  ဦးဇော်ဆိုင်နဲ့ ဇနီးဒေါ်အေးယိမ်းတို့ လင်မယားနဲ့ ဦးအမ်းတို့ ၃ ဦးကိုတွေ့ရှိခဲ့ပြီး စိတ်ကြွရူးသွပ်ဆေးပြားမျိုးစုံ ၁၄၈၂၀၀ ပြား၊ ဘိန်းဖြူလို့ ယူဆရတဲ့ ဝါကြားအမုန့် ၁၈၀ ဂရမ်၊ ဘိန်းဆီခဲ ဘိန်းစိမ်းလို့ ယူဆရတဲ့ အစေး ၄၈၀၀ ဂရမ် တို့ကို သိမ်းဆည်းရမိခဲ့ပါတယ်။

ဒါ့အပြင် သစ်သားကုတင်အောက်က 9MM ပစ္စတိုတစ်လက်နဲ့ ကျည် ၅ တောင့်၊ အိမ်ရှေ့မှာရပ်ထားတဲ့   မော်ယာဉ်တစ်စီးတို့ကိုပါ ရဲက သိမ်းဆည်းခဲ့ပါတယ်။  

ဖမ်းမိထားတဲ့ ဦးဇော်ဆိုင်း အပါအဝင် ၃ ဦးကို ရဲအုပ်အာကာမင်းမင်းက တရားလိုပြုလုပ်ပြီး မူးစိတ်ပုဒ်မ ၁၉ (က)/၂၂ (ခ)/၂၁ နဲ့ ဖားကန့်ရဲစခန်းမှာ အမှုဖွင့်ထားပါတယ်။

သတင်း- မုန်းမုန်းမင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013