DVB Logo
Home
မြန်မာသတင်း
မေလအတွက် မီတာခ ယူနစ် ၁၅၀ အထိ အခမဲ့သုံးခွင့် ထပ်ပေးမည် 
DVB
·
May 26, 2020
မေလအတွက် မီတာခ ယူနစ် ၁၅၀ အထိ အခမဲ့သုံးခွင့် ထပ်ပေးမည် 
Donate to DVB

အခု မေလအတွက် မီတာခတွေကို ယူနစ် ၁၅၀ အထိ အခမဲ့သုံးခွင့်ပေးမယ်လို့ လျှပ်စစ်နဲ့စွမ်းအင်ဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်ရေးကို မေ ၃၁ အထိ တိုးမြှင့်ခဲ့တာကြောင့် ဒီကာလ အတွင်းမှာ ပြည်သူတွေ၊ ဘာသာရေးအဖွဲ့အစည်းတွေနဲ့ ပြည်တွင်းလူမှုရေး အဖွဲ့အစည်းတွေရဲ့ အိမ်သုံးမီတာအမျိုးအစားအတွက် လျှပ်စစ်သုံးစွဲတာ ၁ ယူနစ်ကနေ ယူနစ် ၁၅၀ အထိ ကင်းလွတ်ခွင့်ပေးမယ်လို့ ထပ်မံ ကြေညာလိုက်တာပါ။

ဒီထဲမှာတော့ သံရုံးတွေ၊ ကုလသမဂ္ဂနဲ့ နိုင်ငံတကာအဖွဲ့အစည်းတွေမပါဘဲ နေအိမ်သုံး၊ အိမ်သုံးပါဝါ၊ တလုံးတခဲတည်းအိမ်သုံး၊ စီးပွားရေးလုပ်ငန်းမပါတဲ့ ဘာသာ သာသနာ အဆောက်အအုံတွေနဲ့ ပြည်တွင်းလူမှုရေးအဖွဲ့အစည်းတွေအတွက်ပဲ ကင်းလွတ်ခွင့်ပေးတာပါ။

ပြီးခဲ့တဲ့ ဧပြီလ တလလုံးအတွက်လည်း မီတာခတွေကို အဲဒီအမျိုးအစားတွေအတွက် ယူနစ် ၁၅၀ အခမဲ့ပေးခဲ့ပြီး မေလအတွက် ၁၅ ရက်နေ့အထိ ကင်းလွတ်ခွင့်ပေးမယ်လို့ ကြေညာ ထားခဲ့တာပါ။

ဧပြီလအတွက် မီတာခ ယူနစ် ၁၅၀ လျှော့ပေးခဲ့ပေမဲ့  မီတာဘေလ်ထွက်လာချိန်မှာ အရင်လတွေထက် အဆမတန်ပိုများ နေတယ်ဆိုပြီး ပြည်သူလူထုရဲ့ ဝေဖန်ခံခဲ့ရသလို  မီတာဖတ်သူတွေဘက်က အမှားအယွင်းရှိကောင်းရှိနိုင်တယ်လို့ လျှပ်စစ်နဲ့ စွမ်းအင်ဝန်ကြီးဌာန ဒုတိယအမြဲတမ်းအတွင်းဝန် ဦးစိုးမြင့်က သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။

ပြီးခဲ့ ဧပြီလမှာ အစိုးရက မီတာခ ယူနစ် ၁၅၀ လျှော့ကောက်ခဲ့တဲ့အတွက် မီတာယူနစ် ၁၅၀ အောက် အသုံးပြုတဲ့ သန်းနဲ့ချီတဲ့ အခြေခံလူတန်းစား ပြည်သူလူထုတွေကတော့ မီတာခပေးဆောင်စရာမလိုဘဲ အခမဲ့သုံးစွဲခွင့်ရခဲ့ ပါတယ်။ 

ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးကြောင့် ပြည်သူတွေ အိမ်မှာနေတဲ့အချိန်ပိုများနေပြီး လျှပ်စစ်ဓါတ်အားသုံးစွဲတာမြင့်ခဲ့လို့ ဧပြီလအတွင်း တနိုင်ငံလုံးမှာ တနေ့ကို ၃၆၀၀ မဂ္ဂါဝပ်အထိ သုံးစွဲခဲ့ပါတယ်။ ဒါဟာ ဝန်ကြီးဌာနသမိုင်းမှာ အမြင့်ဆုံးစံချိန်ဖြစ်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013