Home
မြန်မာသတင်း
ဓာတ်ခွဲနမူနာယူရန် ကျန်းမာရေးပညာရှင် ၂၆ ဦး မြဝတီကို ထပ်မံရောက်ရှိ
DVB
·
May 26, 2020
98206063_624018598458417_1582307664568778752_n
101237739_624018485125095_7591973394308923392_o
100507783_624018525125091_4659905946972061696_n
98206067_624018568458420_5904993610050306048_n
COVID-19 ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ဖို့ ပြည်ထောင်စုအစိုးရရဲ့အစီအစဉ်နဲ့ ကျန်းမာရေးပညာရှင် ၂၆ ဦး မြဝတီမြို့ကို ထပ်မံရောက်ရှိနေပြီလို့ မြဝတီ ခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။ ထိုင်းနိုင်ငံကပြန်လာတဲ့ မြန်မာနိုင်ငံသားတွေရဲ့ နှာခေါင်း၊ အာခေါင်တို့ ဖတ်ရယူပြီး ဓာတ်ခွဲနမူနာ စစ်ဆေးနိုင်ဖို့နဲ့ ကျန်းမာရေးစိစစ်မှုတွေလုပ်ဆောင်ဖို့  ရန်ကုန်ဆေးရုံကြီးက ညွှန်ကြားရေးမှူး ဒေါက်တာ ခင်နန်းလုံ ဦးစီးတဲ့ ကျန်းမာရေးပညာရှင်တွေဟာ  ပြည်နယ် ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ ရောက်ရှိနေတာပါ။ မြဝတီခရိုင်အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က "ကျွမ်းကျင်ပညာရှင် ၂၆ ဦး မနေ့ညက ရောက်ရှိလာတယ်။ ကရင်ပြည်နယ်မှာရှိနေတဲ့ ပညာရှင်တွေပေါင်းပြီးတော့ မူလအဆိုင်း ၅ ဆိုင်းကနေ အဆိုင်း ၁၀ ဆိုင်းအထိ ယူနိုင်အောင် စီစဉ်ထားပြီး ဖြစ်တယ်"လို့ ပြောပါတယ်။ ဝင်ရောက်လာသူအားလုံးရဲ့ နှာခေါင်း၊ အာခေါင်တို့ဖတ် ရယူ စစ်ဆေးပြီးမှ သတ်မှတ်ထားတဲ့ Quarantine စခန်းတွေမှာ ဝင်ရောက်ရမှာဖြစ်ပြီး ဓာတ်ခွဲနမူနာတွေကို အမျိုးသား ကျန်မားရေး ဓာတ်ခွဲဌာနကို ပေးပို့သွားမှာပါ။ မြန်မာ-ထိုင်း နှစ်နိုင်ငံအစီအစဉ်နဲ့ မေ ၂၅ ရက် ညနေ ၆ နာရီအထိ တရားဝင် ဝင်ရောက်လာသူ ၅၀၀ နီးပါးနဲ့ သီးခြားဝင်ရောက်လာသူ ၆၀၀ နီးပါးရှိပါတယ်။ ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာဖို့ ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိထံ စားရင်ပေးပို့ထားသူ ၃၃၀၀၀ ကျော်ရှိရာမှာ မေ ၂၅ ရက်အထိ တရားဝင် ဝင်ရောက်သူ ၁၀၀၀ ကျော်နဲ့ သီးခြား ဝင်ရောက်သူ ၂၀၀၀ ကျော် ဝင်ရောက်ခဲ့ပါတယ်။ သတင်း- ရဲမင်းခေါင်
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024