DVB Logo
Home
မြန်မာသတင်း
မြေစာရင်းဦးစီးမှူးအပါအဝင် ၃ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲ
DVB
·
May 25, 2020
မြေစာရင်းဦးစီးမှူးအပါအဝင် ၃ ဦးကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် တရားစွဲ
Donate to DVB

လယ်မြေတွေအတွက် ပုံစံ-၇ ထုတ်ပေးဖို့ဆိုပြီး ငွေတွေတောင်းခဲ့တဲ့ မြို့နယ် မြေစာရင်းဦးစီးမှူး အပါအဝင် ၃ ယောက်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ တရားစွဲဆိုလိုက်ပါတယ်။

ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ကော်သဇင်ရွာကတောင်သူတွေဟာ လယ်ယာမြေ ပုံစံ ၇ ရဖို့ တိုင်းတာဖော်ထုတ်တာအတွက် တဧကကို ငွေ ၁၀၀၀၀ ပေးခဲ့ရတယ်လို့ တိုင်ကြားလာတဲ့အကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ဒီနေ့ ထုတ်ပြန်ပါတယ်။

ဒါကြောင့် ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းစစ်ဆေးခဲ့ရာမှာ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ် လယ်ယာမြေ စီမံခန့်ခွဲရေးနဲ့ စာရင်းအင်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဦးရဲထွဋ်အောင် (အခု မြို့နယ်ဦးစီးမှူး၊ နမ့်စန်မြို့နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့်စာရင်းအင်းဦးစီးဌာန၊ ရှမ်းပြည်နယ်-တောင်ပိုင်း)၊ လက်ထောက် ဦးစီးမှူး ဦးနွယ်မင်းသန်းနဲ့ မြေတိုင်း(၄) ဦးသန်းဇော်မင်း တို့ဟာ ပဒဲကောကျေးရွာအုပ်စု၊ ကော်သဇင်ကျေးရွာ ကွင်းအမှတ်(၃၄) (ဧက ၁၀၀၀ ကွင်း) မှာရှိတဲ့ လယ် ၉၈၇ ဒသမ ၇၁ ဧက အတွက် ပုံစံ ၇ လုပ်ပေးရာမှာ တဧကကို ကျပ် ၁၀၀၀၀ တောင်သူတွေဆီက ကောက်ခံခဲ့ပြီး ငွေကျပ် ၉၂ သိန်း လက်ခံရယူခဲ့တာ စစ်ဆေးပေါ်ပေါက်တယ်လို့ ဆိုပါတယ်။

ဒါကြောင့် သူတို့ ၃ ယောက်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ပဲခူးတိုင်း၊ ရွှေကျင်မြို့မရဲစခန်းမှာ မေ ၂၂ ရက်က ပထမသတင်းပေးတိုင်ချက်ဖွင့်ပြီး တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013