DVB Logo
Home
မြန်မာသတင်း
ပင်လောင်း အေးချမ်းမြေအပန်းဖြေစခန်းကို လာရောက်သူအလွန်များနေသဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှာ ဒေသခံများ စိုးရိမ် 
DVB
·
May 25, 2020
ပင်လောင်း အေးချမ်းမြေအပန်းဖြေစခန်းကို လာရောက်သူအလွန်များနေသဖြင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှာ ဒေသခံများ စိုးရိမ် 
1 / 2
Donate to DVB

ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ မြင်းတွင်းကျေးရွာအုပ်စုရှိ ဘီလူးချောင်း အေးချမ်းမြေ အပန်းဖြေ နားနေစခန်းမှာ ကိုဗစ်-၁၉ ကပ်ဘေးကာအတွင်း နေ့စဉ်လာရောက်လည်ပတ်သူတွေ အလွန်များတဲ့အတွက် ဒေသခံတွေ ရောဂါကူးစက်ခံရမှာကို စိုးရိမ်နေကြပါတယ်။

ကပ်ရောဂါကာလအတွင်း  မေလ ၃၀ ရက်အထိ လူတွေစုဝေးခြင်းမပြုလုပ်ဖို့ ရှမ်းပြည်နယ်အစိုးရက အမိန့်ထုတ်ထားပေးမယ့် လိုက်နာခြင်းမရှိဘဲ  အဲဒီအပန်းဖြေစခန်းမှာ နယ်ဝေးကလာရောက်သူတွေ အလွန်များနေတာပါ။

ဘီလူး‌ချောင်းနဲ့ အနီးဆုံး နန်းတိုင်းကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးခွန်ထွန်းရီ က “အမှန်ပြောရရင် ဒီလိုကပ်ရောဂါဖြစ်ပွားနေတဲ့ကာလအတွင်းမှာ သူများဒေသမှာလည်း ကျနော်တို့ မသွားဘူး။ ကျနော်တို့ဒေသထဲကို ဧည့်သည်တွေလာတာ မကြိုက်ဘူး။ လက်မခံဘူး။ ရောဂါကာလမှာလေ အရမ်းစိုးရိမ်တာပေါ့။ ဘာလို့ဆို လာရောက်တဲ့သူတွေက နယ်ဝေးက လာတာဖြစ်တယ်။ နိုင်ငံခြားကပြန်လာသူတွေလည်း ပါလာနိုင်တယ်။ အဲတော့ အနီးဆုံးရွာကဒေသခံတွေ အဲဒီနားကိုမသွားဘူး။ ရောဂါကူးစက်မှာကို ရာနှုန်းပြည့် စိုးရိမ်တယ်”လို့ ပြောပါတယ်။

အဲဒီအပန်းဖြေစခန်းမှာ တစ်ရက် တစ်ရက် ရပ်နီးရပ်ဝေးကနေ လာရောက်သူ ရာနဲ့ချီရှိနေပြီး  ဒေသခံတွေကတော့ လာရောက်ခြင်းမရှိဘူးလို့ သိရပါတယ်။

အပန်းဖြေ စခန်းမှာရောက်ရှိတဲ့ ခွန်ချစ်ဇော်က “ဒီနေ့မှာဆို လူတွေ ၂၀၀ ကျော်လောက် လာကြတယ်။ ကားတွေ၊ ဆိုင်ကယ်တွေအပြည့်ပဲ အထဲမှာ တဲလေးလုပ်ထားတာလည်း လူအပြည့်ပဲ” လို့ ပြောပါတယ်။

ဒီလိုလူအများအပြားလာရောက်နေတာနဲ့ပတ်သက်ပြီး  ဌာနဆိုင်ရာတွေက ကွင်းဆင်းစစ်ဆေးသွားမယ်လို့ တောင်ကြီးခရိုင် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကိုကိုလွင်က ပြောပါတယ်။

“မြို့နယ်ကို စိစစ်ခိုင်းထားတာ ရှိတယ်။ ဖေ့စ်ဘွတ်ခ်ပေါ်မှာ တက်နေလို့လေ။ ဒါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအနေနဲ့ ပါနေတော့။  ပင်လောင်းကိုတော့ စစ်ခိုင်းထားတယ်။ မြို့နယ်တွေကလည်း စိစိစစ်စစ်လေးလုပ်ပြီးတော့ သိပ်လူစည်ကားရင်လည်း အခု ကိုဗစ်ကာလ  ကလည်း လူတွေသိပ်မစုရဘူးလေနော်”လို့ ပြောပါတယ်။

အဲဒီ အေးချမ်းမြေအပန်းဖြေစခန်းဟာ ကလော-ပင်လောင်း လမ်းမကြီးအတိုင်းသွားရပြီး ကလောမြို့နယ်နဲ့ ပင်လောင်းမြို့နယ် နယ်စပ် နဂါးဘိလပ်မြေစက်ရုံအနီးမှာ တည်ရှိတာဖြစ်ပါတယ်။

အဲဒီအပန်းဖြေစခန်းမှာ အရင်က ဝင်ကြေးပေးဆောင်စရာမလိုပေမယ့် အခုအခါမှာတော့ အပန်းဖြေစခန်းသို့ ဝင်ရောက်ပါက လူတစ်ဦးကို ဝင်ကြေးကျပ် ၁၀၀၀ နဲ့ လှေငယ်တစ်စီးကို ကျပ် ၂၀၀၀ ပေးဆောင်ရပါတယ်။

ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013