DVB Logo
Home
မြန်မာသတင်း
ပြည်ပမှ အရက်တင်သွင်းခွင့် ပြန်လည်ခွင့်ပြု
DVB
·
May 25, 2020
ပြည်ပမှ အရက်တင်သွင်းခွင့် ပြန်လည်ခွင့်ပြု
1 / 2
Donate to DVB

၁ လီတာကို အမေရိကန် ၈ ဒေါ်လာအနည်းဆုံးရှိတဲ့ အရက်ကို ပြည်ပကနေ တင်သွင်းခွင့်ပြုလိုက်ပြီး တင်သွင်းခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေကိုလည်း စီးပွားရေးနဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးက ဒီနေ့ အမိန့်ထုတ်ပြန်ပါတယ်။

ပြည်ပကနေ တင်သွင်းခွင့်မပြုတဲ့ ပစ္စည်းတွေထဲကနေ အရက်ကို ပယ်ဖျက်လိုက်တာဖြစ်ပြီး ရည်ရွယ်ချက်တွေထဲမှာတော့ ပြည်တွင်းဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဖို့လို့ ဆိုပါတယ်။

၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလက ထုတ်ပြန်ခဲ့တဲ့အမိန့်မှာ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေအနေနဲ့ အရက်၊ ဘီယာ၊ စီးကရက်နဲ့ တည်ဆဲဥပဒေအရ ကန့်သတ်ထားတဲ့ ပစ္စည်းတွေကို ပြည်ပကနေ တင်သွင်းခွင့်မပြုဘူးလို့ အမိန့်ထုတ်ထားခဲ့တာပါ။

ဒါပေမဲ့ ပြည်တွင်းဈေးကွက်လိုအပ်ချက်အရ အခြေအနေပေါ်မူတည်ပြီး ပြင်ဆင်ပြောင်းလဲတာ လုပ်မယ်လို့လည်း ဆိုထားခဲ့ပါတယ်။

တင်သွင်းခွင့်ဆိုင်ရာ လုပ်ထုံးလုပ်နည်းတွေအရတော့ အရက် ၁ လီတာဟာ ဆိပ်ကမ်းအရောက် အနည်းဆုံး အမေရိကန်ဒေါ်လာ ၈ ဒေါ်လာရှိရမှာဖြစ်ပြီး ရန်ကုန်လေဆိပ်နဲ့ ရန်ကုန်ဆိပ်ကမ်းတို့ကနေပဲ တင်သွင်းရမှာပါ။

နိုင်ငံခြားအရက်ဖြန့်ဖြူးတဲ့ ကုမ္ပဏီတခုခုရဲ့ တဦးတည်း ဖြန့်ဖြူးရောင်းဝယ်ခွင့်ရထားတဲ့ ကုမ္ပဏီတွေကပဲ တင်သွင်းခွင့်ရဦးမှာဖြစ်ပြီး အသင့်သောက်နိုင်တဲ့အရက်ရော၊ အရက်ဆီ၊ အရက်ပြင်းတွေကိုလည်း တင်သွင်းခွင့်ရနိုင်မှာ ဖြစ်ပါတယ်။

အကောက်ခွန်လွတ်အရောင်းဆိုင်တွေနဲ့ ဟိုတယ်တွေမှာသုံးဖို့ အရက်တင်သွင်းတာကိုတော့ ဝန်ကြီးဌာနကနေ သီးခြားသတ်မှတ်ထားတဲ့ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ တင်သွင်းခွင့်ပြုမယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013