DVB Logo
Home
မြန်မာသတင်း
ဆီလူးဒေသမှ Quarantine ၂၁ ရက်ပြည့် ရွှေ့ပြောင်းလုပ်သား ၅၀၀ ခန့် မိုင်းယန်းသို့ ရောက်ရှိ
DVB
·
May 25, 2020
ဆီလူးဒေသမှ Quarantine ၂၁ ရက်ပြည့် ရွှေ့ပြောင်းလုပ်သား ၅၀၀ ခန့် မိုင်းယန်းသို့ ရောက်ရှိ
1 / 2
Donate to DVB

တရုတ်-မြန်မာနယ်စပ်၊ ရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ-၄ နယ်မြေ ဆီလူးဒေသမှာ Facility Quarantine ၂၁ ရက် ဝင်ရောက်ခဲ့တဲ့ ဖရဲခြံ၊ သခွားခြံတွေက ရွှေ့ပြောင်းလုပ်သား ၄၉၉ ဦးဟာ မေ ၂၅ ရက်မနက်က  ဆီလူးမှ မိုင်းယန်းမြို့ကို ရောက်ရှိလာပါတယ်။

ရွှေ့ပြောင်းလုပ်သမားတွေကို ဆီလူးဒေသ ဒုတိယအုပ်ချုပ်ရေးမှူး ဦးနန်ကျိုင်းစံ ဦးစီးတဲ့ အဖွဲ့ဝင်တွေက  မြန်မာအာဏာပိုင်တွေထံ လွှဲပြောင်းအပ်နှံခဲ့ပါတယ်။

မိုင်းယန်းရဲစခန်းမှူး ဒုတိယရဲမှူး ကိုကိုဇော်က “မိုင်းယန်းကနေ လက်ခံပြီး ကျိုင်းတုံကို မော်တော်ယာဉ် ၁၃ စီးနဲ့ ဆက်လက်ပို့ဆောင်မှာပါ။ အခုထိတော့ အဖျားတိုင်းတာ၊ လူစာရင်းစိစစ်တာတွေ လုပ်နေဆဲပါ။ ပြီးတာနဲ့ ချက်ချင်း ပို့ဆောင်သွားမှာ” လို့  ပြောပါတယ်။

ပြန်လည်ဝင်ရောက်လာသူတွေထဲမှာ ရခိုင်ပြည်နယ်က ၃၈၆ ဦး၊ ရှမ်းပြည်နယ်က ၄၁ ဦး၊ မကွေးတိုင်းက ၅၄ ဦး၊ ပဲခူးတိုင်းက ၅ ဦး၊ စစ်ကိုင်းတိုင်းက ၅ ဦး၊ မန္တလေးတိုင်းက ၂ ဦး၊ ရန်ကုန်တိုင်းက ၃ ဦး၊ ဧရာဝတီတိုင်း၊ ကချင်ပြည်နယ်နဲ့ နေပြည်တော်က ၁ ဦးစီ ဖြစ်ပါတယ်။

အဆိုပါ ရွှေ့ပြောင်းလုပ်သားတွေကို မိုင်းယန်း၊ ကျိုင်းတုံ၊ မိုင်းပျင်း၊ လွယ်လင်၊ တောင်ကြီးကတဆင့် နေရပ်ဒေသအသီးသီးကို သက်ဆိုင်ရာဒေသအလိုက် အာဏာပိုင်တွေ ချိတ်ဆက်ပြီး ပို့ဆောင်သွားမှာ ဖြစ်ပါတယ်။

တရုတ်-မြန်မာ နယ်စပ်ဒေသကနေ ထပ်မံဝင်ရောက်လာသူတွေ ရှိနေသေးတယ်လို့လည်း သိရပါတယ်။

အောင်ဇေယျ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013