
အာဆင်နယ်က ဖူဟမ်ကို (၃-၀) ဂိုးနဲ့ နိုင်ပြီး ဇယားထိပ်မှာ ၆ မှတ်ဖြတ်ထားနိုင်တာကြောင့် ပေါလ်မာဆင်နဲ့ ဂျေမီရက်နက်ပ်တို့က အာဆင်နယ်ပဲ ချန်ပီယံဖြစ်မယ်လို့ ဟောကိန်း ထုတ်လိုက်ပါတယ်။
မန်စီးတီးက လက်ကျန်ပွဲစဉ်တွေ ပိုများနေသလို အဝေးကွင်းပွဲတွေလည်း ကစားရဖို့ရှိနေတာက အာဆင်နယ်အတွက် အခွင့်အရေးသာစေတယ်လို့ မာဆင်က ယူဆနေတာပါ။
ရက်နက်ပ်ကတော့ တကယ်လို့ ရမှတ်တူနေခဲ့ရင်တောင် အာဆင်နယ်က ဘန်လေလိုအသင်းမျိုးကို ဂိုးပြတ်နိုင်ပြီး ဂိုးကွာခြားချက်နဲ့ ချန်ပီယံဖြစ်သွားနိုင်တယ်လို့ ထောက်ပြထားပါတယ်။
နည်းပြ အာတီတာကတော့ ဒီနိုင်ပွဲကြောင့် ရလာတဲ့ ယုံကြည်မှုကို အသုံးချပြီး လာမဲ့ အက်သလက်တီကိုနဲ့ ချန်ပီယံလိဂ်ပွဲမှာပါ ရလဒ်ကောင်းအောင် ဆက်ကြိုးစားသွားမှာဖြစ်တယ်လို့ ပြောပါတယ်။











