DVB Logo
Home
မြန်မာသတင်း
မြဝတီတွင် Quarantine စခန်းသစ်ထပ်ဖွင့်ရန်  နေရာ အခက်အခဲရှိနေ
DVB
·
May 25, 2020
မြဝတီတွင် Quarantine စခန်းသစ်ထပ်ဖွင့်ရန်  နေရာ အခက်အခဲရှိနေ
Donate to DVB

ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းလုပ်သားတွေကို Quarantine စခန်းတွေမှာ ထားရှိပြီး ကျန်းမာရေးစောင့်ကြပ်ကြည့်ရှုနိုင်မယ် အဆောက်အအုံ လိုအပ်ချက် အခက်အခဲတွေရှိနေတယ်လို့  ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က ပြောပါတယ်။

နှစ်နိုင်ငံ သဘောတူညှိနှိုင်းမှုနဲ့ ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာသူတွေကို Quarantine စခန်းတွေမှာ ကျန်းမာရေးစောင့်ကြပ်ကြည့်ရှူနိုင်ဖို့ ဖွင့်လှစ်ထားတဲ့ အဆောက်အအုံတချို့ ပညာရေးဝန်ကြီးဌာနကို ဇွန်လ ၁၅ ရက်မှာ ပြန်လည်အပ်နှံရမှာဖြစ်တဲ့အတွက် အခုလို အခက်အခဲတွေနဲ့ ကြုံနေရတာလို့ ဆိုပါတယ်။

မြဝတီမြို့၊ အမှတ် ၂ မဲဆန္ဒနယ်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးသန့်ဇင်အောင်က “လက်ရှိအနေအထားမှာ မြဝတီအနေနဲ့ကတော့ ခက်ခဲမှုတွေရှိတယ်။ မေလမတိုင်ခင်က Quarantine စခန်း ၁၀ ခုကျော်ဖွင့်ခဲ့တယ်။ အခုချိန်မှာတော့ စာသင်ကျောင်း ပြန်လည်အပ်နှံရတဲ့ အနေအထားတခုမှာ စခန်းတွေ ထပ်ပြီးရှာရတယ်” လို့ ပြောပါတယ်။

မြဝတီမြို့မှာ ပညာရေးကျောင်း အပါအဝင် Quarantine စခန်းပေါင်း ၁၁ ခု ရှိခဲ့ရာက လက်ရှိ စခန်းပေါင်း ၈ ခုသာ ကျန်ရှိပြီး လူဦးရေ ၂၀၀၀ အတွက်ပဲ လက်ခံနိုင်မယ်လို့ တာဝန်ရှိသူက ပြောပါတယ်။

ကရင်ပြည်နယ်တခုလုံးမှာ အရင်က   Quarantine စခန်းပေါင်း ၄၀ ဖွင့်လှစ်ပြီး လူဦးရေ ၅၀၀၀ ကျော် လက်ခံနိုင်ဖို့ စီစဉ် ဆောင်ရွက်ခဲ့ပါတယ်။

ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာတဲ့ မြန်မာရွေ့ပြောင်းလုပ်သားတွေဟာ အဓိကဝင်ပေါက်အနေနဲ့ မြဝတီ အမှတ်-၂ ချစ်ကြည်ရေးတံတားကနေ ဝင်ရောက်နေတာဖြစ်ပြီး နေ့စဉ် လူဦးရေ ၂၅၀၀ အထိ လက်ခံပြီး Quarantine စခန်းတွေမှာ ကျန်းမာရေး စောင့်ကြပ်ကြည့်ရှုနိုင်ဖို့ ဆောင်ရွက်နေတာပါ။

ထိုင်းနိုင်ငံကနေ ပြန်လည်ဝင်ရောက်လာဖို့ ထိုင်းနိုင်ငံဆိုင်ရာ အလုပ်သမားသံအရာရှိထံ စားရင်ပေးပို့ထားသူ ၃၃၀၀၀ ကျော်ရှိရာ မေ ၂၃ ရက်နေ့က တရားဝင် ဝင်ရောက်သူ ၂၀၀ ကျော်၊ သီးခြား ဝင်ရောက်သူ ၄၀၀ နီးပါးဝင်ရောက်ခဲ့ပါတယ်။

မေလ ၂၄ ရက်နေ့မှာ တရားဝင် ဝင်ရောက်သူ ၃၀၀ ကျော်နဲ့ သီးခြားဝင်ရောက်လာသူ ၈၀၀ နီးပါးရှိပါတယ်။

ရဲမင်းခေါင်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013