DVB Logo
Home
မြန်မာသတင်း
စစ်ဘေးရှောင် ပလက်ဝဒေသခံများ ရန်ကုန်တိုင်း မှော်ဘီမြို့နယ်တွင် လာရောက်ခိုလှုံ  
DVB
·
May 25, 2020
စစ်ဘေးရှောင် ပလက်ဝဒေသခံများ ရန်ကုန်တိုင်း မှော်ဘီမြို့နယ်တွင် လာရောက်ခိုလှုံ  
Donate to DVB

ချင်းပြည်နယ်၊ ပလက်ဝမြို့နဲ့ အနီးအနားရှိ ကျေးရွာတွေမှာ တပ်မတော်နဲ့ အေအေ ရခိုင်လက်နက်ကိုင်အဖွဲ့တွေ တိုက်ပွဲဆက်ဖြစ်နေတာကြောင့် ဒေသခံ ခူမီးတိုင်းရင်းသား ၅၀ ကျော်ဟာ ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်၊ တပ်ကြီးကုန်းကျေးရွာအုပ်စု၊ စာဖြူစုကျေးရွာမှာ စစ်ဘေးရှောင်နေရပါတယ်။

ပလက်ဝမြို့ပေါ်နဲ့ ပတ်ဝန်းကျင်ကျေးရွာတွေမှာ အေအေတပ်ဖွဲ့ဝင်အင်အား ထောင်နဲ့ချီရှိနေပြီး မေလ ၂၇  ရက်နေ့မှာ  ပလက်ဝမြို့ကို သိမ်းမယ်လို့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် မြို့ခံတွေ စစ်ဘေးရှောင်ဖို့ ပြင်ဆင်နေကြတယ်လို့ မှော်ဘီကို ရောက်ရှိလာတဲ့ စစ်ဘေးရှောင်ပြည်သူ ဒေါ်ပီတယ်က ပြောပါတယ်။

ဇိမ်စင်းကျေးရွာနေ စစ်ဘေးရှောင်တဦးဖြစ်သူ ကိုဖီးလစ်ကတော့ တိုက်ပွဲတွေ ဖြစ်ပွားနေတာကြောင့် လက်လုပ်လက်စားသမားတွေနဲ့ တောင်ယာလုပ်ကိုင်သူတွေဟာ တောထဲနဲ့ တောင်ယာတွေကို မသွားနိုင်ကြတော့သလို စားဝတ်နေရေးအတွက်လည်း အခက်အခဲ ဖြစ်နေကြတယ်လို့ ပြောပါတယ်။

ဒါ့အပြင် ပလက်ဝဒေသမှာ ခရီးသွားလမ်းကြောင်းတွေကို ပိတ်ထားတဲ့အတွက် ကုန်စည်စီးဆင်းမှု ပြတ်တောက်နေပြီး ဆန် ၁ အိတ်ကို ကျပ် ၈၀၀၀၀ လောက်အထိ ပေးဝယ်ရတယ်လို့လည်း ပြောပါတယ်။

မှော်ဘီမြို့နယ်၊ စာဖြူစုကျေးရွာမှာ ချင်းပြည်နယ် ပလက်ဝမြို့နဲ့  မင်းလှဝကျေးရွာ၊ ဇိမ်စင်းကျေးရွာတို့မှာနေထိုင်ခဲ့တဲ့ ခူမီးတိုင်းရင်သားလူမျိုး စစ်ဘေးရှောင် အိမ်ထောင်စု ၁၂ စု၊ လူဦးရေ ၅၇ ဦးတို့  မတ်လ ၂၃ ရက်က  စတင်ရောက်ရှိနေတာ ဖြစ်ပါတယ်။

မှော်ဘီကို ရောက်လာတဲ့ စစ်ဘေးရှောင်တွေရဲ့ အခြေအနေနဲ့ပတ်သက်ပြီး ကျေးရွာအုပ်ချုပ်ရေးမှူး ဦးရန်မျိုးအောင်က “လက်ရှိအချိန်မှာတော့ လယ်ကွင်းတွေထဲမှာ တဲထိုးပြီး နေလို့ရပေမယ့် မိုးရာသီရောက်တော့မှာဖြစ်တဲ့အတွက် နေထိုင်ဖို့ အဆင်မပြေနိုင်တာကြောင့်  သူတို့ကို နီးစပ်တဲ့ခြံတွေထဲကို ပြောင်းရွှေ့နေထိုင်ဖို့ မြို့နယ်က ညွှန်ကြားထားပါတယ်”လို့ ပြောပါတယ်။

မေသွယ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013