DVB Logo
Home
မြန်မာသတင်း
ဘူးသီးတောင် မြောင်းနားစစ်ရှောင်စခန်းတွင် သောက်သုံးရေ အခက်အခဲဖြစ်နေ
DVB
·
May 24, 2020
ဘူးသီးတောင် မြောင်းနားစစ်ရှောင်စခန်းတွင် သောက်သုံးရေ အခက်အခဲဖြစ်နေ
Donate to DVB

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်မြို့နယ် မြောင်းနားစစ်ဘေးရှောင်စခန်းမှာ သောက်သုံးရေ အခက်အခဲကြုံနေရပြီး အိမ်သာတွေ ပျက်စီးနေတာကြောင့် ပြုပြင်ပေးဖို့ အရေးပေါ် လိုအပ်နေတယ်လို့ စစ်ရှောင်စခန်းတာဝန်ခံက ပြောပါတယ်။

စစ်ဘေးရှောင်စခန်း တာဝန်ခံ ကိုဝေသာခိုင်က “လူကယ်ပြန်က ဆန်နဲ့ဆီ ၁ လ ၁ ကြိမ် လာရောက်ထောက်ပံ့ပေးတယ်။ ကျန်းမာရေးဌာနက တပတ်တကြိမ် လာရောက်ကြည့်ပေးတယ်။ အဓိက လိုအပ်နေတာက သောက်သုံးရေနဲ့ အိမ်သာပါ။ သောက်သုံးရေကို ၃ မိုင်လောက်ဝေးတဲ့ ဘင်္ဂါလီကျေးရွာတွေမှာ သွား‌ခပ်နေရတယ်။ ရှိနေတဲ့အိမ်သာတွေလည်း ပိုက်တွေက ပေါက်နေတယ်၊ အသုံးပြုလို့ မရဘူး။ တောင်းဆိုချင်တာက သောက်သုံးရေနဲ့ အိမ်သာ၊ စားနပ်ရိက္ခာပါ။ အခုတူးနေတဲ့ အဝီစိရေတွင်းကလည်း ရေ ရ၊ မရ မသေချာသေးဘူး။ ရေနဲ့ အိမ်သာ အဆင်မပြေတာကြောင့် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ခဲ့ကြတယ်။ အခုထိ မကောင်းနိုင်တဲ့သူတွေ ရှိနေပါသေးတယ်” လို့ ပြောပါတယ်။

မြောင်းတောင်စခန်းမှာ နေထိုင်တဲ့ ဒေါ်အောင်မြဖြူက “စားသောက်ရေးကတော့ အစိုးရက ဆန်၊ အာလူး၊ ငါးခြောက် ပေးတယ်။ အဓိကကတော့ ရေပါ။ ရေကန် ၃ ကန်မှာ ရေ ၂ ကန်မှာ ရေမရှိတော့ဘူး။ အခုကျန်တဲ့ ရေကန်လည်း ရေကုန်တော့မယ်” လို့ ပြောပါတယ်။

မြောင်းနားစစ်ဘေးရှောင်စခန်းမှာ ပြီးခဲ့တဲ့ မတ်လ ၂ဝ ရက်နေ့ကလည်း သောက်ရေ သုံးရေ မသန့်ရှင်းတဲ့အတွက် လူ ၃၀ လောက် ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ခဲ့ကြတယ်လို့ ဆိုပါတယ်။

ဘူးသီးတောင်မြို့နယ်ဆေးရုံအုပ်ကြီး ဒေါက်တာစောမင်းသိန်းက “အဓိကကတော ရေပြဿနာပါပဲ။ အဲဒီမတိုင်ခင် Camp မဖွင့်မီကတည်းက ထွေအုပ်ကို ကျနော်တို့ တင်ပြထားခဲ့တာ ရှိပါတယ်။ ရေအခက်အခဲ ဖြစ်လာမှာကို NGO အဖွဲ့တွေနဲ့ ချိတ်ဆက်ပေးခဲ့တယ်။ ဒါပေမဲ့ အချိန် နောက်ကျခဲ့တဲ့အတွက် နောက်ဆက်တွဲ ပြဿနာတွေရှိလာခဲ့တာပါ။ အခုတော့ MICS က ရေတွင်းတူးနေပြီလို့တော့ သိရပါတယ်” လို့ ပြောပါတယ်။

မြောင်းနားစစ်ဘေးရှောင်စခန်းမှာ မေ ၁၇ စတင်ပြီး အဝီစိရေတွင်းတူးဖော်နေပြီး မေ ၂၃ ရက်နေအထိ ရေမရရှိသေးဘူးလို့ သိရပါတယ်။

ဘူးသီးတောင်မြိုနယ်အတွင်း တပ်မတော်နဲ့ အေအေတို့ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲတွေကြောင့် မြောင်းနားစစ်ရှောင်စခန်းမှာ ကျေးရွာ ၄ ရွာက အိမ်ထောင်စု ၈၆ စု၊ လူဦးရေ ၄၁၆ ဦး နေထိုင်နေကြတာပါ။

လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013