DVB Logo
Home
မြန်မာသတင်း
ဆီဆိုင်မြို့နယ် မြေယာအငြင်းပွားမှု ဆွေးနွေးညှိနှိုင်း၊ တိကျသည့်အဖြေမရဟု တောင်သူများပြော
DVB
·
May 24, 2020
ဆီဆိုင်မြို့နယ် မြေယာအငြင်းပွားမှု ဆွေးနွေးညှိနှိုင်း၊ တိကျသည့်အဖြေမရဟု တောင်သူများပြော
1 / 3
Donate to DVB

ရှမ်းပြည်နယ်တောင်ပိုင်း၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဆီဆိုင်မြို့နယ်အတွင်း တပ်သိမ်းမြေထဲ ဖြစ်ပွားတဲ့ တောင်သူနဲ့ တပ်မြေအငြင်းပွားမှု မကြီးထွားဖို့ မေ ၂၂ ရက်က ရှမ်းပြည်နယ် လယ်ယာမြေနဲ့ အခြားမြေများသိမ်းဆည်းခြင်း ပြန်လည်စိစစ်ရေးကော်မတီက ကွင်းဆင်းစစ်ဆေးခဲ့ပြီး ဆွေးနွေးညှိနှိုင်းခဲ့ပေမယ့် တိကျတဲ့အဖြေမရရှိခဲ့ဘူးလို့ မြေသိမ်းခံရတဲ့ တောင်သူ ဒေါ်ချိုချိုဝင်းက ပြောပါတယ်။

ဒါ့အပြင် တောင်သူတွေ စိုက်ပျိုးထားတဲ့အပင်တွေ ဖျက်ဆီးခံခဲ့ရတာကြောင့် တောင်သူတွေ ဆုံးရှုံးနှစ်နာဆဲပဲလို့ ဆိုပါတယ်။

အဓိက တပ်သိမ်းဆည်းထားတဲ့မြေထဲမှာ တောင်သူတွေက ဝင်ရောက်လုပ်ကိုင်တာကို တပ်က တားဆီးပြီး ပြန်လည်စိုက်ပျိုးတဲ့အတွက် တောင်သူနဲ့ စစ်တပ်မြေ အငြင်းပွားမှု ဖြစ်ပွားနေတာကို ညှိနိုင်းအဖြေရှာတာလို့ ရှမ်းပြည်နယ် လယ်ယာမြေနှင့်အခြားမြေများ သိမ်းဆည်းခြင်း ပြန်လည်စိစစ်ရေးကော်မတီဝင် ဦးသန်းထိုက်က ပြောပါတယ်။

တပ်မတော်ဘက်မှ တက်ရောက်လာသူတဦးက “တွေ့ဆုံဆွေးနွေးမှုရဲ့ ဆုံးဖြတ်ချက်ရလဒ်ကို အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကို တင်ပြပြီး ညွှန်ကြားချက်အတိုင်း လိုက်နာဆောင်ရွက်မယ်” လို့ ပြောဆိုခဲ့ပါတယ်။

အဲဒီမြေဟာ တပ်မရောက်ခင်ကတည်းက တောင်သူတွေ လုပ်ကိုင်နေပြီဖြစ်ပြီး မြေလွတ်မြေရိုင်း မဟုတ်ဘူးလို့ စစ်မှုထမ်းဟောင်းတဦးဖြစ်တဲ့ ဦးသန်းရွှေက ပြောပါတယ်။

ကွင်းဆင်းညှိနှိုင်း ဖြေရှင်းရာမှာ လက်ရှိ အငြင်းပွားမှုပြဿနာကို မဆုံးဖြတ်ရသေးတဲ့ အချိန်ကာလအတွင်း သိမ်းဆည်းခံ မြေယာပေါ်မှာ တပ်မတော်ဘက်ကော၊ တောင်သူတွေဘက်ကော စိုက်ပျိုးထွန်ယက်တာ မလုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။



အဲဒီမြေတွေကို ခမရ ၄၂၃ ၊ ၄၂၄ က ၁၉၉၂ ခုနှစ်မှာ ယာယီအဖြစ် သိမ်းဆည်းခဲ့ပြီး ၁၉၉၆ ခုနှစ်မှာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်က သိမ်းဆည်းခဲ့တာဖြစ်ပါတယ်။

အဲဒီမြေဟာ နောင်ကျေားကျေးရွာအုပ်စု၊ ပင်စုံကျေးရွာအုပ်စု၊ မြကန်သာရပ်ကွက်၊ အောင်ချမ်းသာရပ်ကွက်က တောင်သူ ၄၆ ဦးပိုင်ဆိုင်ပြီး ဧက ၃၀၀ ရှိပါတယ်။

ခွန်ရာဇာ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013