DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့နယ်ရှိ အခြေခံမိသားစု ၂၀၀ ကို စားသောက်ကုန်များ ဒုတိယအကြိမ် ဝေငှ
DVB
·
May 24, 2020
မုံရွာမြို့နယ်ရှိ အခြေခံမိသားစု ၂၀၀ ကို စားသောက်ကုန်များ ဒုတိယအကြိမ် ဝေငှ
1 / 5
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မုံရွေးကျေးရွာက အခြေခံမိသားစု ၂၀၀ ကို မေလ ၂၂ ရက်နေ့က စေတနာရှင်တွေ၊ အရပ်ဘက်အဖွဲ့တွေ ဦးဆောင်ကာ အခြေခံစားသောက်ကုန် ၅ မျိုးကို ဒုတိယအကြိမ် ထပ်မံဝေငှပေးခဲ့ပါတယ်။ 

ပထမအကြိမ်အဖြစ် မေလ ၄ ရက်နေ့က အိမ်ထောင်စု ၆၆၀ ကို အခြေခံစားသောက်ကုန် ၅ မျိုးဖြစ်တဲ့ ဆန် ၁ ပြည်၊ ဆီ ၅၀ သား၊ ခရမ်းချဉ်သီး ၁ ပိဿာ၊ ဆား ၅၀ သား၊ ကြက်သွန်နီ ၁ ပိဿာတို့ကို ပေးဝေခဲ့ပြီး အခု ဒုတိယအကြိမ်မှာတော့ ပိုပြီးတော့ ဆင်းရဲချို့ငဲ့တဲ့ မိသားစု ၂၀၀ ကို ပေးဝေခဲ့တာဖြစ်ပါတယ်။ 

ဧပြီလအတွင်း အစိုးရက ထောက်ပံ့တာတွေမှာလည်း မရတာတွေ အများကြီး ကျန်နေခဲ့တယ်လို့ မုံရွေးကျေးရွာနေ ဒေါ်ကေသွယ်မိုးက ပြောပါတယ်။

“မုံရွေးရွာက ကိုကျော်စိုးနှင့် ကိုရာပြည့်တို့က ဦးဆောင်ပြီး ဝေငှတာပါ။ သင်္ကြန်မတိုင်ခင် အစိုးရက ဝေတဲ့ ရိက္ခာမရသူတွေလည်း အများကြီးရှိတယ်။ အများစုက လက်လုပ်လက်စားတွေ၊ နေ့စားသမားတွေများတယ်။ အလုပ်သမား လူတန်းစားတွေ များတယ်။ ပြောရရင် ပုံမှန်ဝင်ငွေ မရှိသူတွေပေါ့။ တော်တော်များတယ်။ အဲဒီအတွက် ရသင့်ရထိုက်သူတွေ မရလို့ဆိုပြီး သူတို့က ဦးဆောင်လုပ်ကြတာပေါ့။ ဒါမျိုးလုပ်တာကို ကျေးဇူးတင်တယ်။ တကယ် လိုအပ်နေချိန်လေ။ အလုပ်တွေ နားနေရတယ်။ တနေ့လုပ်မှ တနေ့စားသမားတွေ ဘယ်လိုလုပ် အဆင်ပြေမလဲ။ သူတို့အသိစိတ်ဓာတ်နဲ့ သူတို့ တတ်နိုင်သလောက်လေး စုပေါင်း လုပ်ကိုင်ကြတာကို ဒေသခံတယောက်အနေနဲ့ ကျေးဇူးတင်ပါတယ်။”

အခုလို အခြေခံစားသောက်ကုန် ဝေငှတာတွေကို မုံရွေးကျေးရွာအပြင် မုံရွာမြို့ပေါ်နဲ့ တခြားနေရာတွေမှာလည်း ပြုလုပ်တာတွေရှိပါတယ်။ 

လက်ရှိမှာ ရပ်နားထားရတဲ့ လုပ်ငန်းတချို့ကိုလည်း ပြန်လည်စိစစ်ပြီး လည်ပတ်ခွင့်ပြုနေပြီ ဖြစ်ပေမယ့် ကိုဗစ်ကပ်ရောဂါပိုးတွေ့သူ ရှိနေဆဲဖြစ်တာကြောင့် ကန့်သတ်မှုတွေတော့ ရှိနေပါသေးတယ်။ 

အခုလို စားနပ်ရိက္ခာဝေငှတာတွေကို အခြေအနေပေါ်ကြည့်ပြီး ဆက်လက်လုပ်ဆောင်သွားဦးမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013