DVB Logo
Home
မြန်မာသတင်း
နမ့်စန်နှင့် ချောက်မြို့တို့တွင် မြေငလျင်လှုပ်
DVB
·
May 24, 2020
နမ့်စန်နှင့် ချောက်မြို့တို့တွင် မြေငလျင်လှုပ်
Donate to DVB

နမ့်စန်မြို့၊ ချောက်မြို့တို့မှာ မနေ့ညက အင်အားအနည်းငယ်ရှိ မြေငလျင်တွေ အသီးသီး လှုပ်ခတ်သွားတယ်လို့ မိုးဇလက ထုတ်ပြန်ပါတယ်။

မေ ၂၃ ရက်နေ့၊ မြန်မာစံတော်ချိန် ၂၃ နာရီ၊ ၃၅ မိနစ်၊ ၀၉ စက္ကန့် အချိန်က နမ့်စန်မြေငလျင်စခန်းမှ အရှေ့-အရှေ့မြောက်ဘက် ၁၀ မိုင်ခန့်ကွာဝေးတဲ့ နမ့်စန်မြို့ရဲ့ အရှေ့-အရှေ့မြောက်ဘက် ၁၃ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၀.၉၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၇.၉၁ ဒီဂရီ၊ အနက် ၁၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာစကေး (၃.၅) အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားပါတယ်။

မေ ၂၃ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၈ နာရီ၊ ၄၁ မိနစ်၊ ၂၄ စက္ကန့်အချိန်က ညောင်ဦးမြေငလျင်စခန်းမှ တောင်ဘက် ၃၁ မိုင် ခန့်ကွာဝေးတဲ့ ချောက်မြို့ရဲ့ တောင်-အရှေ့တောင်ဘက် ၁၀ မိုင်ခန့်အကွာ၊ မြောက်လတ္တီတွဒ် ၂၀.၇၅ ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၈၈ ဒီဂရီ၊ အနက် ၅၃ ကီလိုမီတာကို ဗဟိုပြု၍ အင်အားရစ်(ခ်)တာ စကေး ၃.၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ ဆိုပါတယ်။

မေလ ၂၃ ရက်နေ့၊ မြန်မာစံတော်ချိန် ၁၅ နာရီ၊ ၄၁ မိနစ်၊ စက္ကန့် ၄၀ အချိန်ကလည်း ကမ္ဘာအေးမြေငလျင်စခန်းမှ အနောက်တောင်ဘက် ၂၁၄ မိုင်ခန့်ကွာဝေးတဲ့ မြန်မာနိုင်ငံပြည်ပ (Andaman Islands, India Region)၊ မြောက်လတ္တီတွဒ် (၁၄.၃၆)ဒီဂရီ၊ အရှေ့လောင်ဂျီတွဒ် ၉၄.၂၄ ဒီဂရီ၊ အနက် ၁၄၀ ကီလိုမီတာကို ဗဟိုပြုပြီး အင်အားရစ်(ခ်)တာ စကေး ၄.၈ အဆင့်ရှိ အင်အားအနည်းငယ်ရှိသော မြေငလျင်တခု လှုပ်ရှားသွားတယ်လို့ မိုးဇလက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013