DVB Logo
Home
မြန်မာသတင်း
မှော်ဘီရောက် ပလက်ဝစစ်ဘေးရှောင်များ အကူအညီ လိုအပ်နေ
DVB
·
May 23, 2020
မှော်ဘီရောက် ပလက်ဝစစ်ဘေးရှောင်များ အကူအညီ လိုအပ်နေ
1 / 6
Donate to DVB

ရန်ကုန်တိုင်း၊ မှော်ဘီမြို့၊ စာဖြူစုအရပ်မှာ ရောက်ရှိနေထိုင်နေတဲ့ ချင်းပြည်နယ်၊ ပလက်ဝမြို့က စစ်ဘေးရှောင်မိသားစု ၁၀ စုကျော် လူဦးရေ ၅၇ ယောက်ကျော်ဟာ စားဝတ်နေရေးအတွက် အကူအညီတွေ လိုအပ်နေတယ်လို့ သိရပါတယ်။

စားဝတ်နေရေးအတွက် စေတနာရှင်အချို့က ထောက်ပံ့တာတွေ ရှိပေမယ့် မလုံလောက်သည့်အခြေအနေဖြစ်နေပြီး ဆန်နဲ့စားသောက်ကုန်မှာ အခုလကုန်အထိသာကျန်ပြီး ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တဦးအတွက် အဟာရပြည့်ဝမှုရရှိဖို့ စိုးရိမ်ရတဲ့ အ‌ခြေအနေမှာ ရှိတယ်လို့ သိရပါတယ်။

အဲဒီစစ်ဘေးရှောင်တွေဟာ Covid - 19 ကပ်ရောဂါကာလမတိုင်မီ အချိန်ကတည်းက ရောက်ရှိနေပြီး ၃ လကျော်ရှိနေပြီဖြစ်ကြောင်း၊ ပလက်ဝဒေသကနေ စစ်ဘေးရှောင်တွေ ထပ်မံရောက်ရှိဖို့ ရှိပေမဲ့ သွားလာရေးအခက်အခဲနဲ့ နေထိုင်ရေး အခက်အခဲတွေ ရှိနေသေးတယ်လို့ သိရပါတယ်။

ချင်းပြည်နယ်ပလက်ဝဒေသတဝိုက်မှာ ရခိုင်တပ်မတော်နဲ့ အစိုးရတပ်မတော်ကြား ၂၀၁၉ ဒီဇင်ဘာလကတည်းက တိုက်ပွဲတွေ ဖြစ်ပွားခဲ့တဲ့အတွက် ပလက်ဝဒေသခံတွေ နေရပ်စွန့်ခွာပြီး စစ်ဘေးရှောင်နေကြရတာပါ။



Photo - JPaing / MPA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013