DVB Logo
Home
မြန်မာသတင်း
ပန်းတနော်တွင် နှာခေါင်းစည်းမတပ်သူ ၆၂ ဦးကို ခုဝယ်ခုတပ်စနစ်ဖြင့် ဒဏ်ငွေပေးဆောင်ခိုင်း
DVB
·
May 23, 2020
ပန်းတနော်တွင် နှာခေါင်းစည်းမတပ်သူ ၆၂ ဦးကို ခုဝယ်ခုတပ်စနစ်ဖြင့် ဒဏ်ငွေပေးဆောင်ခိုင်း
Donate to DVB

ဧရာဝတီတိုင်း၊ ပန်းတနော်မြို့မှာ ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးအတွက် မြို့နယ်အုပ်ချုပ်ရေး တာဝန်ရှိသူတွေက အပြင်ထွက်ချိန် နှာခေါင်းစည်းမတပ်သူတွေကို ဒဏ်ငွေ ၃၀၀၀ ဆောင်ခိုင်းပြီး နှာခေါင်းစည်း ၃ ခု ပြန်ပေးကာ အခုဝယ် အခုတပ်စနစ်ကို လုပ်ဆောင်နေပါတယ်။

ပန်းတနော်မြို့အဝင် ဂိတ်တွေမှာ စောင့်ကြပ်စစ်ဆေးတဲ့အခါ မေ ၂၁ ရက်နဲ့ ၂၂ ရက် နှစ်ရက်အတွင်း နှာခေါင်းစည်းမတပ်သူ ၆၂ ဦးတွေ့ရှိခဲ့တယ်လို့ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးအောင်က ပြောပါတယ်။

“ကိုဗစ်ရောဂါ ကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်ဖို့ကိစ္စ စစ်ဆေးဆောင်ရွက်တဲ့အခါမှာ နှာခေါင်းစည်းမတပ်သူ ၇၅ ရာခိုင်နှုန်းက ကျေးရွာကလာတဲ့သူတွေ များပါတယ်။ နှာခေါင်းစည်းတပ်ရမှန်းတော့ သိတယ်။ မေ့ပြီး မတပ်သူတွေ များပါတယ်။ နှာခေါင်းစည်းတပ်တာက ရောဂါကာကွယ်ရေးအတွက် ဘယ်လို အရေးကြီးတယ်ဆိုတာ ကျနော်တို့ ရှင်းပြတယ်။ ပြီးရင် ခုဝယ် ခုတပ်စနစ်နဲ့ ဆောင်ရွက်ပါတယ်။ ပြည်သူတွေ ကိုဗစ်ကာကွယ်ရေးအတွက် နှာခေါင်းစည်းတပ်တဲ့ အလေ့အကျင့်ဖြစ်အောင် ကျနော်တို့ ဆက်လက်ဆောင်ရွက်သွားမှာပါ။”

မကြာမီရက်ထဲမှာ ပန်းတနော်မြို့ထဲက ဈေးတွေမှာ ဈေးရောင်းဈေးဝယ်သူအနေနဲ့ နှာခေါင်းစည်း တပ်ခြင်း ရှိမရှိ စစ်ဆေးတာတွေ ပြုလုပ်သွားဖို့ရှိတယ်လို့ ပန်းတနော်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနဲ့ အရေးပေါ်တုံ့ပြန်ရေးကော်မတီက သိရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013